



Shoon (Cele Daily)

Unicode

စပါးကြီးမြွေကို maskအနေဖြင့်အသုံးပြုကာ ဘတ်စကားစီးရင်း မြို့ပတ်ခဲ့သည့် အဖိုးအိုတစ်ဦး

ယခုကာလတွင် ဖြစ်ပေါ်လာသော ကပ်ဆိုးရောဂါတစ်ခုကြောင့် လူသားတိုင်းသည် တင်းကြပ်လှသော စည်းကမ်းများဖြင့် အပြင်ထွက်ရန် ခွင့်ပြုခြင်းရယူကြရသည်။အပြင်ထွက်ရာတွင်လည်း တင်းကြပ်လှသော စည်းကမ်းနှင့်အတူ maskတပ်ခြင်းသည် မဖြစ်မနေပြုလုပ်သော အရာတစ်ခုပင်ဖြစ်ပေသည်။

ထို့ကြောင့် အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှ အဖိုးအိုတစ်ဦးဟာလည်း အပြင်ထွက်ရာတွင် မျက်နှာဖုံးကို အသုံးပြုပြီးထွက်လာခဲ့ပါတယ်။ထိုအဖိုးအိုဟာ သူမွေးမြူထားသော စပါးကြီးမြွေကို မျက်နှာဖုံးတစ်ခုအနေဖြင့် အသုံးပြုပြီး ဘတ်ကားစီးကာ မြို့အနှံလျောက်သွားခဲ့ပါတယ်။

အခြားဘတ်ကားစီးသူများဟာ အဖိုးအိုနားကို မကပ်ရဲပဲကြောင်လန့်နေခဲ့ကြရပါတယ်။အဖိုးအို၏ ဓာတ်ပုံသည် လိုင်းပေါ်တွင် ပျံနှံသွားသောအခါ ရဲတပ်ဖွဲမှလည်း တွေ့ရှိသွားပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရဖို့ရှိနေတယ်လို့ သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment