



Shoon (Cele Daily)

Unicode

နေအိမ်မှထွက်သွားပြီး အိမ်ပြန်လမ်းကိုမေ့သွားကာ တောထဲတွင် သွားအိပ်နေသည့် အသက်၉၀အရွယ် အဖိုးအိုကို ရဲများကရှာဖွေပြီး နေအိမ်သို့ ပြန်ပို့ပေးခဲ့

ကမ္ဘာပေါ်ရှိလူသားတိုင်းသည် တစ်နေ့တစ်ချိန်တွင် အိုမင်းရင့်ရော်ခြင်းဟူသော လောကဓံတရားကြီးကို ကြုံတွေ့ကြရမည်မှာ မလွဲဧကန်ပင်ဖြစ်ပေသည်။ခန္ဓာကိုယ်၏မမြဲခြင်းဟူသော တရားကို ရှောင်လွဲနိုင်ရန် မည်သူမှမတတ်နိုင်ချေ။ထို့ကြောင့် ငယ်ရွယ်နေသေးသူများသည် အသက်ကြီးသူများကို လေးစားကာ ဂရုစိုက်စောင့်ရှောင့်သင့်ပေသည်။

ယခုတွင်လည်း အသက်၉၀အရွယ် အဖိုးအိုသည် နေအိမ်မှထွက်သွားခဲ့ပြီးနောက်တွင် အသက်ကြီးပြီဖြစ်သောကြောင့် မေ့လျော့ကာ အိမ်မပြန်တတ်ဘဲ တောထဲသို့ရောက်သွားခဲ့သည်။ထို့ကြောင့် နေအိမ်မှလည်း ၁ရက်ကျော်ပျောက်ဆုံးနေသဖြင့် ရဲများကိုအကြောင်းကြားပြီး အကူအညီတောင်းခဲ့ပါတယ်။

ရဲများမှလည်း ဂရုစိုက်ပြီး ရှာဖွေပေးခဲ့ရာ တောထဲတစ်နေရာတွင် အိမ်သို့မပြန်တတ်ဘဲ အိပ်နေခဲ့သောကြောင့် အဖိုးအိုကို နေအိမ်သို့ ပြန်လည်ပို့ပေးခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment