



Shoon (Cele Daily)

Unicode

ချစ်သူကောင်လေးနှင့် လမ်းခွဲလိုက်သောအခါဆောက်ထားပေးသည့်အိမ်ကြီးကို ဖျက်စီးပစ်ခဲ့ပြီး ဓာတ်ပုံရိုက်ကာ မက်ခ်ဆေ့ပေးပို့ပြီး ဝမ်းမနည်းကြောင်း အသိပေးခဲ့သည့်ကောင်မလေး

ချစ်သူစုံတွဲတို့သည် အချစ်တစ်ခုကို ဖြစ်ပေါ်လာသည်နှင့် နှစ်ဦးနှစ်ဖက်လုံးသည် ရည်မှန်းချက်များဖြင့် ရှေ့ဆက်နေခဲ့ကြခြင်းဖြစ်ပေသည်။သို့သော်လည်း အချိန်ကြာလာသည့်အခါမျိုးတွင် တစ်ဦးနှင့်တစ်ဦးနားမလည်ပေးနိုင်သည့်အချိန်မျိုးတွင် လမ်းခွဲမှုများရှိလာတတ်ပေသည်။

ယခုတွင်လည်း အာဖရိကမှ အမျိုးသမီးတစ်ဦးသည် သူမ၏ချစ်သူကောင်လေးနှင့် အကြောင်းတစ်စုံတစ်ရာကြောင့် လမ်းခွဲခဲ့ကြသည်။ထို့နောက်တွင် အမျိုးသမီးဟာ ချစ်သူဆောက်လုပ်ပေးထားသော အိမ်ကြီးကို မိနစ်ပိုင်းအတွင်းဖျက်ဆီးပစ်ခဲ့ပါတယ်။ဖျက်ဆီးပြီးသွားသည့်အချိန်တွင် ဖြိုချထားသော အဆောက်အဦးများကြားတွင် သူမပုံနှင့်တကွ ဓာတ်ပုံရိုက်ကာ ချစ်သူကောင်လေးကို ဂရုမစိုက်ကြောင်း မက်ဆေ့ပေးပို့ခဲ့ပါတယ်။

ကောင်မလေး၏ ပြတ်သားပုံများကတော့ အခြားသူများကို အလွန်အံ့သြစေခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment