



Shoon (Cele Daily)

Unicode

အိမ်တစ်ခုလုံး ရေများဖြင့်ဖုံးလွှမ်းသွားအောင် လက်ဆေးစင်မှ ရေခလုတ်ကိုဖွင့်ပြီး ရေထဲတွင်ဆော့ကစားခဲ့သည့် ကြောင်ကလေးများ

စာဖတ်သူတွေအနေနဲ့ tom နှင့်jerryတို့၏ ကာတွန်းကားလေးကိုကြည့်ဖူးကြမှာသေချာမှာသည်။အချို့သူများဆိုလျှင် အသက်အရွယ်ကြီးရင့်နေသော်လည်း ကြောင်နှင့်ကြွက်ကားလေးကို အရူးအမူးကြည့်နေဆဲပင်ဖြစ်ပါတယ်။ထိုကြောင်နှင့်ကြွက်ကားထဲတွင် ကြွက်ကလေးဟာ လက်ဆေးစင်မှရေခလုတ်ကိုဖွင့်ပြီး အိမ်တစ်ခုလုံးကို ရေများဖုံးလွှမ်းစေခဲ့သည့် အခန်းလေးကိုမှတ်မိကြမယ်ထင်ပါတယ်။

ယခုတွင်လည်း ကြောင်ကလေးတွေဟာ နေအိမ်တစ်ခုတွင် မနက်မိုးမလင်းခင်အချိန်၌ လက်ဆေးစင်မှ ရေများကိုဖွင့်ချပြီး အိမ်ကိုရေများပြည့်စေခဲ့ပါတယ်။ထို့နောက်တွင် ကြောင်လေးဟာ ရေထဲတွင်ဆော့ကစားနေခဲ့ပါတယ်။ထိုအချိန်တွင် အိမ်ရှင်ဖြစ်သူဟာ ဆူညံသံကြောင့် အိပ်ရာမှနိုးလာပြီး ထကြည့်မိသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် အံသြသွားခဲ့ရပါတယ်။

ကြောင်လေးတွေဟာ သခင်ဖြစ်သူကို မြင်တွေ့လိုက်ရသောအခါ ဘာမှမလုပ်ထားသည့်ပုံစံလေးနှင့် ထိုင်ခုံလေးပေါ်မှနေပြီး ကြည့်နေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment