



Shoon (Cele Daily)

Unicode

မိခင်နေထိုင်ခဲ့သည့် တဲစုတ်လေးကို ခေတ်မီနေအိမ်အဖြစ်ပြောင်းလဲပြီး မိခင်ကိုမျက်ရည်ကျသည်အထိ ဝမ်းသားသွားအောင် ကျေးဇူးဆပ်ခဲ့သည့် သားလိမ္မာ

မိဘတို့၏ သားသမီးတို့အပေါ်တွင်ထားရှိသော စေတနာများနှင့် ကျေးဇူးတရားများသည် စာဖွဲ့၍မှီနိုင်အောင် များပြားလွန်းလှပေသည်။ထို့ကြောင့် မိဘတို့ကို သားသမီးတို့သည် ရင်ထဲတွင်အစဥ်အမြဲသတိရကာ ကျေးဇူးဆပ်နိုင်အောင်ကြိုးစားသင့်ပေသည်။

ယခုတွင်လည်း အမျိုးသားတစ်ဦးသည် ငယ်စဥ်က အလွန်ပင်ပန်းဆင်းရဲခဲ့သည့်အချိန်တွင် လောကဓံကို ကြံကြံခံကာ သားသမီးတို့ကို ကျွေးစောင့်ရှောက်ခဲ့သည်ကို ကျေးဇူးမမေ့ဘဲရှိနေခဲ့သည်။ထို့ကြောင့် အလုပ်များရှိလာသည့်အချိန်တွင် မိခင်နေထိုင်နေသည့် အိမ်အိုလေးကို ဖျက်ဆီးပြီး ခေတ်မီလှပသော နေအိမ်တစ်လုံးဆောင်လုပ်ပေးခဲ့ပါတယ်။

ထိုအချိန်တွင် မိခင်ဖြစ်သူဟာ အိမ်အသစ်လေးကို မြင်တွေ့လိုက်သည်နှင့် မျက်ရည်မေားပင်ကျကာ ဝမ်းသားသွားခဲ့ရပါတယ်။မိခင်တို့အပေါ်တွင် ကျေးဇူးသိတတ်သော သားလိမ္မာလေး၏ ပိတိအပြုံးသည် ကမ္ဘာပေါ်တွင်အလှဆုံးသော အပြုံထဲပါဝင်နေမှာသေချာပါတယ်။

Shoon (Cele Daily)

  • Leave a Comment