Shoon (Cele Daily)
Unicode
ခိုးမှုဖြင့်အဖမ်းခံရသည့်ကောင်လေးသည် အသက်၁၈နှစ်ပြည့် မွေးနေ့ဖြစ်နေသောကြောင့် ရဲဝန်ထမ်းများက အချုပ်ခန်းထဲတွင် ကောင်လေးကို မွေးနေ့ပွဲလေးကျင်းပပေးခဲ့
ယခုအဖြစ်အပျက်လေးဟာ မည်သို့ပင် အဆင့်အတန်း အခြေအနေကွာခြားနေပါစေ လူသားချင်းစာနာထောက်ထားမှုကို မြင့်တွေ့ရသည်မှာ ကမ္ဘာကြီးအတွက် အလွန်ပင်ကြည်နူးဖွယ်ကောင်းလှပေသည်။အသက်၁၈နှစ်သာရှိသောကောင်လေးသည် ဘရာဇီးနိုင်ငံရှိ ကျေးရွာတစ်ခုတွင် ပစ္စည်းများကို ခိုးယူနေခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် ရဲတပ်ဖွဲ့ဟာ စုံစမ်းပြီးနောက် ကောင်လေးကို သူ၏နေအိမ်တွင်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ကောင်လေးဟာ ကံမကောင်းစွာဖြင့် အဖမ်းခံခဲ့ရသောနေ့လေးဟာ ကောင်လေး၏မွေးနေ့ဖြစ်နေခဲ့ပါတယ်။သို့သော်လည်းကောင်လေးဖြစ်သူကို ရဲတပ်ဖွဲ့ဝင်များဟာ အချုပ်ထဲတွင် ကောင်လေး၏မွေးနေ့ကို အသိအမှတ်ပြုသည့်အနေဖြင့် ကိတ်နှင့်အတူ မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။
အဖမ်းမခံရလျှင်ပင် မွေးနေ့ပွဲကျင်းပရမည်မဟုတ်သည့် ကောင်လေးအတွက်တော့ အဖမ်းခံရပြီးမှဘဲ မွေးနေ့ပွဲလေးနဲ့ သာယာနေခဲ့ပါတော့တယ်။
Shoon (Cele Daily)