



Shoon (Cele Daily)

Unicode

အများနှင့်မတူသော ခန္ဓာကိုယ်အရပ်အမောင်းကြောင့် အများ၏ ဝေဖန်မှုကို ခံခဲ့ရသော်လည်း မိသားစုဘဝလေးနှင့်အတူ အောင်မြင်သောမော်ဒယ်တစ်ဦးဖြစ်လာခဲ့သည့် အရပ်၆ပေ၈လက်မရှိ ကောင်မလေး

အချစ်ဆိုသောအရာကို လူတိုင်းဟာ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြသော်လည်း လူတစ်ဦး၏ ခံစားချက်မှ ဆင်းသက်လာခြင်းပင်ဖြစ်ပေသည်။လူတိုင်းသည် အချစ်ဆိုသောအရာနှင့် ကင်းအောင် နေထိုင်ရန်မှာလုံးဝမဖြစ်နိုင်ပေ။အချစ်တစ်ခုဖြစ်ပေါ်လာလျှင်လည်း ငွေကြေး ရုပ်ဆင်းအင်္ဂါသည် အဓိကမကျဘဲ အချစ်စစ်အချစ်မှန်သည်သာ အဓိကဖြစ်ပေလိမ့်မည်။

ယခုတွင်လည်း ဘရာဇီးနိုင်ငံမှ မိန်းကလေးတစ်ဦးသည် အရပ်ရှည်လျားလွန်းသောကြောင့် အများ၏ဝေဖန်မှုကို ခံခဲ့ရပါတယ်။သို့သော်လည်း အချစ်စစ်အချစ်မှန်နှင့်တွေ့ကာ ဘဝတစ်ခုကို ထူထောင်နိုင်သည့်အပြင် အများ၏ ဝေဖန်မှုကြောင့်ပင် တဖြည်းဖြည်းလူသိများလာကာ နိုင်ငံကျော်မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။

သူမ၏အရပ်ဟာ ၆ပေ၈လက်မအထိရှည်လျားကာ ဘရာဇီးနိုင်ငံတွင် အရပ်အရှည်ဆုံးအဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့သူဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment