



Shoon (Cele Daily)

Unicode

ဖခင်ဖြစ်သူမှာ နောက်မိန်းမနှင့် မင်္ဂလာပွဲကျင်းပနေသဖြင့် အသည်းအသန်ဖျားနေသော အသက်၁နှစ်အရွယ်မောင်လေးကို ဆေးရုံသို့အပြေးပို့ပေးခဲ့သည့် အသက်၇နှစ်အရွယ်ကောင်မလေး

အချို့လူသားများသည် ဘဝကိုပျော်ရွင်စွာဖြင့် အပူအပင်မရှိ နေထိုင်ချိန်တွင် အချို့လူသားများသည် ဆင်းရဲဒုက္ခပေါင်းစုံကို ရင်ဝယ်ပိုက်ကာ ခံစားနေကြရသည်။ယခုတွင်လည်း အသက်၇နှစ်အရွယ် ကလေးမလေးသည် အရွယ်နှင့်မလိုက်အောင်ပင် ဒုက္ခများစွာကို ခံစားနေရသည်။

ကလေးမလေးတွင် မိခင်ဖြစ်သူဟာ မရှိတော့ဘဲ ဖခင်ဖြစ်သူဟာ အခြားအမျိုးသမီးတစ်ဦးနှင့် မင်္ဂလာဆောင်နေချိန်တွင်ဖြစ်ပေသည်။ထိုအချိန်တွင် မောင်လေးဖြစ်သူဟာ အသည်းအသန်ဖျားနာလာသဖြင့် မိခင်သင်ပေးခဲ့သည့်အတိုင်း နဖူးသို့စမ်းကြည့်ရာ အလွန်ပူနေသဖြင့် ဖခင်ကိုခေါ်ရန်ကြိုးစားသော်လည်း မရသဖြင့် ဆေးဆိုင်သို့သွားခဲ့ပါတယ်။

ဆေးဆိုင်က အလွန်ဖျားနေသဖြင့် ဆေးရုံသို့သွားရန်ပြောသောအခါ ကလေးမလေးဟာ မောင်လေးဖြစ်သူကို ကျောပိုးပြီး ဆေးရုံသို့အရောင်ပြေးသွားခဲ့တယ်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment