



Shoon (Cele Daily)

Unicode

ဆေးရုံတွင် ကာကွယ်ဆေးလာထိုးသည့် ဧည့်သည်များကို ဖွင့်ပြထားသော တီဗွီမှ ဇာတ်ကားမှားဖွင့်မိလို့ ပိတ်ရန် တီဗွီလမုပျောက်နေသဖြင့် ဆေးရုံတာဝန်ရှိသည်များ တိုင်ပတ်သွားခဲ့သည့်ဖြစ်ရပ်

တစ်ခါတစ်လေတွင် အလုပ်လုပ်ကိုင်ရာ၌ အလွဲလွဲအချော်ချော်ဖြစ်လေ့ရှိသည့်မှာ သဘာဝပင်ဖြစ်ပေသည်။ထိုသို့ ကိစ္စတစ်ခုရာ လွဲချော်ခဲ့ပြီဆိုလျှင် တစ်ခုတည်းမပြီးဘဲ များစွာလွဲချော်တတ်သည့်အခါမျိုးလည်း ကြုံတွေ့ဖူးကြပေလိမ့်မည်။

ယခုတွင်လည်း ဆေးရုံတစ်ခုမှ လွဲချော်မှားယွင်းမှုကတော့ ဆေးရုံရှိသူအကုန်လုံးကို ရယ်မောနေစေခဲ့ပါတယ်။အကြောင်းမှာ ဆေးရုံသို့ လာရောက်သူများအတွက် စောင့်ဆိုင်းရသော ထိုင်ခုံနေရာတွင် တပ်ဆင်ထားသော တီဗွီမှ ဇာတ်လမ်းကို မှားယွင်းဖွင့်မိခဲ့သောကြောင့် ဖြစ်ပါတယ်။

ထို့အပြင် ဆေးရုံဝန်ထမ်းများဟာ ဇာတ်ကားမှားနေသည်ကို သိရှိသည့်အတွက် ချက်ချင်းပိတ်ရန် ကြိုးစားသည့်အချိန်၌ တီဗွီလမုပျောက်ဆုံးနေသောကြောင့် တိုင်ပတ်နေခြင်းဖြင့်ပါတယ်။တီဗွီဟာလည်း အမြင့်တွင်ရှိနေခဲ့သည့်အတွက် ဆေးရုံဝန်ထမ်းများဟာ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ကြပါတယ်။ထိုအချိန်တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူဟာလည်း အလွန်များပြားနေသဖြင့် အားလုံးဟာလည်း ရယ်မောနေခဲ့ကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment