



Shoon (Cele Daily)

Unicode

အလွန်ချစ်ရသော ချစ်သူကောင်မလေးကို လက်ဆောင်ပေးချင်သောကြောင့် စတိုးဆိုင်တစ်ခုမှ ရှပ်အင်္ကျီနှင့်စကပ်တို့ကို ဓားပြတိုက်ခဲ့သည့်အမျိုးသား

လူတိုင်းသည် ချစ်သူကို အမှန်တကယ်ချစ်မြတ်နိုးပြီဆိုလျှင် ချစ်သူပြုံးပျော်နေသည်ကိုသာ မြင်တွေ့လိုကြပေသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၃၃နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ချစ်သူကောင်မလေးအတွက်နှင့် မလုပ်သင့်သည်ကို ပြုမူမိခဲ့တာပါတယ်။

ထိုအမျိုးသားဟာ ချစ်သူကောင်မလေးကို လက်ဆောင်ပေးရန်အတွက် စတိုင်းဆိုင်တစ်ခုတွင် အင်္ကျီနှင့် စကတ်တို့ကို ဓားပြတိုက်ပြီး ရယူခဲ့တာဖြစ်ပါတယ်။ထို့အပြင် အမျိုးသားဟာ သူဓားပြတိုက်ထားသောဆိုင်စောင့် မိန်းကလေး၏ဖုန်းထဲမှ ၁.၅သန်းလွဲပေးရန်ခိုင်းစေပြီး ဖုန်းကိုယူခဲ့ပါတယ်။

ထိုအခါ မိန်းကလေးက အော်ဟစ်အကူအညီတောင်းမည်ပြုသောကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်ကာ ဖုန်းနှင့် ဆိုင်ရှိငွေသားများကို ယူသွားခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် ရဲတပ်ဖွဲဟာလည်း အမျိုးသားကိုစုံစမ်းကာ ဖမ်းဆီးနိုင်ခဲ့ပြီး ဓားပြတိုက်စဥ်အသုံးပြုသော လက်နက်များကိုလည်း ရရှိခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment