



Shoon (Cele Daily)

Unicode

ဂိမ်းဆော့ရာမှ လိုင်းပေါ်တွင်ခင်သော ကောင်လေးနှင့်သွားတွေ့ချင်သောကြောင့် လေယာဥ်လက်မှတ်ဖိုးရရန် ဖခင်၏ဆိုင်ကယ်ကိုရောင်းချခဲ့သည့် ဆယ်ကျော်သက်ကောင်မလေး

ဆယ်ကျော်သက်ဆိုသော ဘဝမျိုးသည် အရူးမိုက်ဆုံးသောဘဝနှင့် အမှတ်တရများစွာဖြစ်ပေါ်စေသော အချိန်ကာလလေးပင်ဖြစ်သည်။ ဆယ်ကျော်သက်အတွင်တွင် လူငယ်တိုင်းဟာ အမှားအမှန်ကို ခွဲခွားနိုင်စွမ်း အားနည်းသေးသည့်အရွယ်ဖြစ်သောကြောင့် မိဘများက အမြဲစိုးရိမ်နေကြရသည့်အတွက်ဖြစ်သည်။

ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ဦးသည် အလုပ်တစ်ခုကို မှားယွင်းမိခဲ့ပြီး အချိန်မှီနောင်တရခဲ့သောကြောင့် ကံကောင်းခဲ့ပေသည်။ကောင်မလေးဟာ ဂိမ်းဆော့ရာမှဆင်မင်ခဲ့သော ကောင်လေးနှင့် တွေ့ဆုံနိုင်ရန်အတွက် ဖခင်၏ဆိုင်ကယ်ကိုရောင်းချပစ်ခဲ့သည်။

ထို့နောက်တွင် လေယာဥ်လက်မှတ်ဝယ်ယူပြီး ကောင်လေးရှိရာ ဂျကာတာမြို့သို့ရန်ပြင်ဆင်ခဲ့သည်။လေယာဥ်ကွင်းသို့ရောက်သောအခါ ကောင်မလေးဟာ သွားရောက်လိုစိတ်မရှိတော့ဘဲ နောင်တရကာ ငိုယိုနေခဲ့သည်။ထို့ကြောင့် လေယာဥ်တာဝန်ရှိသူများဟာ အကြောင်းစုံမေးမြန်းပြီး မိဘများကိုဖုန်းဆက်ကာ အကြောင်းကြားခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment