



Shoon (Cele Daily)

Unicode

မြင်တွေ့ရသူတိုင်းကို မျက်ရည်ဝဲသွားရသည်အထိ ခံစားရစေနိုင်သော ခွေးကလေးတစ်ကောင်က သခင်ဖြစ်သူ၏ဝှီးချဲကို တွန်းပေးနေသည့် ဗီဒီယိုလေး

တိရိစ္ဆာန်လေးများဟာ လူသားများထက်ပင် သစ္စာပိုရှိသည်ဟုဆိုခဲ့လျှင် ငြင်းဆန်နိုင်မည့်သူသည် တစ်ဦးတစ်ယောက်မျှရှိနေလိမ့်မည်မဟုတ်ပေ။တိရိစ္ဆာန်လေးများသည် မိမိတို့အပေါ်တွင် တစ်ခုခုသောကျေးဇူးရှိနေခဲ့ပြီဆိုလျှင် တစ်သက်လုံးကို အမှတ်ရနေသည်အထိ သစ္စာရှိကြသည်။

ထို့ကြောင့် လူသားတို့ဟာ အိမ်မွေးတိရစ္ဆာန်းလေးများစွာကို မွေးမြူထားတတ်ကြပြီး ချစ်ခင်ကြင်နာမှုများကို ပေးစွမ်းထားကြပေသည်။ထို့ကြောင့်လည်း တိရိစ္ဆာန်လေးများ၏ ကျေးဇူးသိတန်မှုကို ပြန်လည်မြင်တွေ့ခဲ့ကြရပေသည်။

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံတွင် ခွေးကလေးတစ်ကောင်၏ သခင်ဖြစ်သူအပေါ် ကျေးဇူးသိတတ်မှုသည် မြင်တွေ့သူများအားလုံးကို မျက်ရည်ကျစေခဲ့ရပါတယ်။ခွေးကလေးဟာ သခင်ဖြစ်သူဝှီးချဲဖြင့်သွားလာနေရသည်ကို နောက်မှလိုက်ပြီး မမောမပန်စွာဖြင့် တွန်းပေးနေခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment