Shoon (Cele Daily)
Unicode
ကျောင်းဆင်းသည်နှင့် နေအိမ်သို့တန်းမပြန်ဘဲ မိသားစုအတွက် ဝင်ငွေရရှိစေရန် အမှိုက်ဗူးခွံလေးများကို လိုက်ကောက်ပြီးမှ ပြန်တတ်သည့် ကျောင်းသူကလေးမလေး
အချို့မိသားစုငယ်လေးများ၏ မိဘများအပေါ်တွင် ကျေးဇူးတရားသိတတ်မှုသည် မြင်တွေ့ရသူများကို ကြည်နူးမိစေသည်။အချို့ကလေးငယ်များ၏အသက်သည် အလွန်ပင်ငယ်ရွယ်သေးသော်လည်း အသိစိတ်သည် လူကြီးအချို့ထက်သာလွန်နေသည်မှာ ငြင်းဆန်၍မရနိုင်ပေ။
ယခုတွင်လည်း ထိုင်းနိုင်ငံ Thaniမြို့မှ အသက်၉နှစ်အရွယ် ကျောင်းသူမလေး၏ မိသားစုအပေါ်တွင် ကျေးဇူးသိတတ်မှုသည် အခြားလူများကိုပင် အံ့အားသင့်စေခဲ့သည်။ကျောင်းသူမလေးဟာ စာသင်ပြီး၍ အိမ်ပြန်ချိန်ရောက်ပြီဆိုလျှင် နေအိမ်သို့ တန်းပြန်လေ့မရှိခဲ့ပါဘူး။သူမဟာ မိသားစုအတွက် ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရရှိစေရန်အတွက် ဗူးအခွံ ပုလင်းအခွံများကို နေရာအနှံလိုက်ကောက်လေ့ရှိပါတယ်။
ထို့နောက်မှသာ နေအိမ်သို့ စက်ဘီးကလေးဖြင့် ဗူးခွံများကို တင်ဆောင်ပြီး ပြန်လေ့ရှိသူဖြစ်ပါတယ်။
Shoon (Cele Daily)