



Shoon (Cele Daily)

Unicode

ကြွေပန်းကန်အဟောင်းလေးကို ၃၅ဒေါ်လာဖြင့်ဝယ်ယူခဲ့ပြီးနောက် ရှေးဟောင်ပစ္စည်းဖြစ်နေခဲ့သောကြောင့် လေလံတင်ရောင်းချရာမှ ဒေါ်လာ၇၂၀ ၀၀၀ရရှိခဲ့သူ

လူတစ်ယောက်၏ ကံကြမ္မာသည် အထင်သေး၍ မရနိုင်ပေ။လူတစ်ယောက်ကို အထင်အမြင်သေးခြင်းမျိုးကို မပြုသင့်ဘဲ လူတိုင်းကို လေးစားစွာ ဆက်ဆံသင့်ပေသည်။ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ နေ့ချင်းညချင်းပင် အလွန်ချမ်းသာလှသော လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပေသည်။

ထိုလူဟာ ကြွေပန်းကန်အဟောင်လေးကို အမေရိကန်ငွေ ၃၅ဒေါ်လာဖြင့် ဝယ်ယူရရှိခဲ့တာဖြစ်ပါတယ်။ဝယ်ယူပြီးသည့်အချိန်တွင်တော့ ကြွေပန်းကန်လေးဟာ အလွန်အဖိုးတန်လှသော ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်နေခဲ့ပါတယ်။

ကြွေပန်းကန်လေးဟာ ဘုရင်မင်းများလက်ထပ်က အသုံးပြုခဲ့သည့် ပစ္စည်းဟု ယူဆခဲ့ပြီး ဒေါ်လာ၃၀၀၀၀၀မှ ၅၀၀၀၀၀အကြားတွင် တန်ကြေးရှိမည်ဟု ထင်နေခဲ့တာဖြစ်ပါတယ်။သို့သော်လေလံတင်ခဲ့သည့် အခါမှာတော့ လူတစ်ဦးဟာ ဒေါ်လာ၇၂၁၈၀၀ဖြင့် တစ်ခါတည်းဝယ်ယူသွားခဲ့တာဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment