



Shoon (Cele Daily)

Unicode

ငါးမြှားရာမှ မတော်တဆ ပါးစပ်ထဲငါးဝင်သွားလို့ ဆေးရုံသို့ အရေးပေါ်ပြေးခဲ့ရသည့် အမျိုးသား

အသက်၂၄နှစ်အရွယ်ရှိ ကိုလံဘီယာနိုင်ငံမှ အမျိုးသားတစ်ဦး၏ အဖြစ်အပျက်ကတော့ မြင်တွေ့သူများနှင့် ကြားရသူများကိုပါ အံသြစေမှာအသေအချာပင်ဖြစ်ပါတယ်။အမျိုးသားဟာ ထူးထူးဆန်းဆန်းပင် ငါးမျှားသွားရာမှ ငါးတစ်ကောင်ဟာ လည်ချောင်းထဲထိရောက်ရှိသွားသောကြောင့် ဆေးရုံသို့ အရေးပေါ်ပြေးခဲ့ရတာဖြစ်ပါတယ်။

ဖြစ်ပုံကတော့ အမျိုးသားဟာ ငါးမျှားချိတ်တွင် ငါးတစ်ကောင်မိသောကြောင့် ဖြုတ်ယူနေစဥ်တွင်ပင် အခြားငါးမျှားတံမှ ငါးတစ်ကောင်က ထပ်မိနေခဲ့ပါတယ်။ထို့ကြောင့် ကုန်းပေါ်သို့ ပြန်မတတ်တော့ဘဲ ပထမမိထားသောငါးကို ငါးစပ်တွင် ကိုက်ထားပြီး နောက်တစ်ကောင်ကို ဖြုတ်ယူရန် ကြိုးပစ်းစဥ် ငါး၏လှုပ်ရှားမှုကြောင့် လည်ချောင်းထဲရောက်သွားခဲ့ပါတယ်။

ထို့ကြောင့် အမျိုးသားဟာ စကားပင်ပြောနိုင်ခြင်းမရှိတော့ဘဲ ဆေးရုံးသို့ချက်ချင်းပြေးသွားခဲ့ရပါတယ်။ကံကောင်းစွာနှင့်ပင် ငါးဟာ လည်ချောင်းထဲတွင် ပိတ်ဆို့နေခြင်းမရှိခဲ့သောကြောင့် အမျိုးသားကံကောင်းသွားခဲ့ရတယ်ဟုသိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment