အလြန္ပူေသာေၾကာင့္ ေဘာင္းဘီအတိုဝတ္ကာ ေက်ာင္းတတ္ခ်င္ေသာ္လည္း ေက်ာင္းမွ စကတ္ႏွင့္ေဘာင္းဘီအရွည္ကိုသာ ဝတ္ဆင္ရမည္ဟု အမိန္႔ထုတ္ထားေသာေၾကာင့္ အမ၏စကတ္ဝတ္ၿပီး ေက်ာင္းတတ္ခဲ့သည့္ေကာင္ေလး

ေက်ာင္းသားေက်ာင္းသူမ်ားထဲတြင္ အခ်ိဳ႕သည္ ေက်ာင္း၏စည္းကမ္းမ်ားကို လက္တစ္လုံးျခားလုပ္ၿပီး စည္းကမ္းေဖာက္တတ္သူမ်ားလည္း ရွိေပသည္။ယခုတြင္လည္း အသက္၁၆ႏွစ္အ႐ြယ္ေကာင္ေလး၏ ေက်ာင္းစည္းကမ္းလိုက္နာမႈသည္ အျခားလူမ်ားကို ရယ္ေမာမိေစမွာ ေသခ်ာမွာတယ္။

ေကာင္ေလးတတ္ေနသည့္ေက်ာင္းဟာ မိန္းကေလးမ်ားကို စကတ္အတိုႏွင့္ ေယာက်ာ္းေလးမ်ားကို ေဘာင္းဘီအရွည္ဝတ္ဆင္ရန္ စည္းကမ္းခ်က္ထုတ္ထားခဲ့ပါတယ္။ ေကာင္ေလးဟာ ေက်ာင္းတတ္ရာတြင္ အလြန္ပူေသာေၾကာင့္ ေဘာင္းဘီအတို ဝတ္ခ်င္ေသာ္လည္း ေက်ာင္းကခြင့္မေပ။

ထို႔ေၾကာင့္ ေက်ာင္းကခြင့္ျပဳထားသည့္အတိုင္း အမျဖစ္သူ၏ စကတ္ကို ဝတ္ဆင္ၿပီး ေက်ာင္းသြားခဲ့ပါတယ္။ေက်ာင္းသို႔အေရာက္မွာဘဲ ေက်ာင္းသားေလးကို ဆရာျဖစ္သူဟာ အဝတ္ျပန္လဲရန္ ခ်က္ခ်င္းျပန္လႊတ္ခဲ့ပါတယ္။

Shoon (Cele Daily)

Unicode

အလွန်ပူသောကြောင့် ဘောင်းဘီအတိုဝတ်ကာ ကျောင်းတတ်ချင်သော်လည်း ကျောင်းမှ စကတ်နှင့်ဘောင်းဘီအရှည်ကိုသာ ဝတ်ဆင်ရမည်ဟု အမိန့်ထုတ်ထားသောကြောင့် အမ၏စကတ်ဝတ်ပြီး ကျောင်းတတ်ခဲ့သည့်ကောင်လေး

ကျောင်းသားကျောင်းသူများထဲတွင် အချို့သည် ကျောင်း၏စည်းကမ်းများကို လက်တစ်လုံးခြားလုပ်ပြီး စည်းကမ်းဖောက်တတ်သူများလည်း ရှိပေသည်။ယခုတွင်လည်း အသက်၁၆နှစ်အရွယ်ကောင်လေး၏ ကျောင်းစည်းကမ်းလိုက်နာမှုသည် အခြားလူများကို ရယ်မောမိစေမှာ သေချာမှာတယ်။

ကောင်လေးတတ်နေသည့်ကျောင်းဟာ မိန်းကလေးများကို စကတ်အတိုနှင့် ယောကျာ်းလေးများကို ဘောင်းဘီအရှည်ဝတ်ဆင်ရန် စည်းကမ်းချက်ထုတ်ထားခဲ့ပါတယ်။ ကောင်လေးဟာ ကျောင်းတတ်ရာတွင် အလွန်ပူသောကြောင့် ဘောင်းဘီအတို ဝတ်ချင်သော်လည်း ကျောင်းကခွင့်မပေ။

ထို့ကြောင့် ကျောင်းကခွင့်ပြုထားသည့်အတိုင်း အမဖြစ်သူ၏ စကတ်ကို ဝတ်ဆင်ပြီး ကျောင်းသွားခဲ့ပါတယ်။ကျောင်းသို့အရောက်မှာဘဲ ကျောင်းသားလေးကို ဆရာဖြစ်သူဟာ အဝတ်ပြန်လဲရန် ချက်ချင်းပြန်လွှတ်ခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment