



Shoon (Cele Daily)

Unicode

ထူခြားသောစွမ်းအားများ လိုချင်သည်ဟုဆိုကာ သံလိုက်၅၄လုံးကို မြိုချခဲ့သည့် အသက်၁၂နှစ်အရွယ်ကောင်လေး အရေးပေါ်ခွဲစိတ်မှုပြုလုပ်ခဲ့ရ

ကလေးငယ်တို့၏ သဘာဝအလျှောက် သားသားမီးမီးတို့သည် ရုပ်ရှင်ဇာတ်ကားများကိုကြည့်ပြီး ဇာတ်ကားထဲမှ သူရဲကောင်းဆန်သော အပြုအမူများကို သဘောကျတတ်ကြသည်။ယခုတွင်လည်း အသက်၁၂နှစ်အရွယ်သာရှိသေးသော ကောင်လေးတစ်ဦးသည် စွမ်းအားကြီးချင်သည်ဟူသော ကလေးအတွေးနှင့်အတူ သံလိုက်၅၄လုံးကို မြိုချပစ်ခဲ့ပါတယ်။

ထိုသို့မြိုချခဲ့သည်ကို မိခင်ဖြစ်သူဟာ ချက်ချင်းသိသည်နှင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ဆေးရုံတွင် ဓာတ်မှန်ရိုက်ကြည့်ပြီးအချိန်တွင် ဆရာဝန်ဟာ အလွန်တုန်လှုပ်သွားခဲ့ရပြီး ချက်ချင်းခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။

သံလိုက်များဟာ အစာအိမ်ထဲတွင် သာမကဘဲ အူလမ်းကြောင်းတွင်လည်း ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ဆရာဝန်၏ပြောကြားချက်များအရ သံလိုက်များဟာ ခန္ဓာကိုယ်၏အရေးပါသော တစ်ရှူးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို လောင်ကျွမ်းသွားစေနိုင်သည်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment