




Shoon (Cele Daily)

Unicode

ရည်းစားဟောင်း၏ မင်္ဂလာပွဲသို့သွားရောက်ပြီး သတိုးသမီးလိုဝတ်ကာ ”ငါနဲ့လက်ထပ်ပါ”ဆိုပြီး ငိုယိုတောင်းပန်သည့် မိန်းကလေးကြောင့် မင်္ဂလာပွဲပျက်သွားခဲ့ရ

လူတိုင်းဟာ မိမိ၏ချစ်ခင်နှစ်သက်သောသူနှင့်သာ လက်ထပ်ပြီး ခမ်းနားထည်ဝါသော ဘဝတစ်ခုကို ထူထောင်လိုကြသည်။သို့သော်လည်း တစ်ခါတစ်ရံတွင် လူတိုင်း၏ ဆန္ဒတို့သည် ဘဝနှင့်တစ်ထပ်တည်းကျရန် အလွန်ပင်ခက်ခဲရပေသည်။

ထိုအချို့မျိုးတွင် လူအချို့ဟာ ခံစားချက်ကို မဖုံးကွယ်နိုင်ဘဲ အမှားအချို့တို့ကို ပြုလုပ်တတ်ပေသည်။အကြောင်းမှာတော့ ကောင်မလေးဟာ သူ၏ချစ်သူဟောင်းသည် အခြားကောင်မလေးနှင့် လက်ထပ်နေသည့်အချိန်တွင် မင်္ဂလာသတိုးသမီးဝတ်စုံကို ဝတ်ဆင်ပြီး ရောက်သွားခဲ့သည်။

ထို့နောက်တွင် ချစ်သူဟောင်းအား ဒူးထောက်ပြီး လိုက်ဆွဲကာ သူမနှင့်သာ လက်ထပ်ရန် ငိုယိုပြီး တောင်းပန်ပါတော့တယ်။ထိုအခါ သတိုးသမီးဟာလည်း ကောင်မလေး၏လုပ်ရက်ကြောင့် အလွန်စိတ်ဆိုးကာ မင်္ဂလာပွဲမှ ထွက်သွားခဲ့ပါတယ်။

မင်္ဂလာပွဲလာ ဧည့်သည်များဟာလည်း ထိုအဖြစ်အပျက်ကြောင့် အံအားသင့်ခဲ့ကြရပါတယ်။

Shoon (Cele Daily)

  • Leave a Comment