



Shoon (Cele Daily)

Unicode

မင်္ဂလာဆောင်အကြိုဓာတ်ပုံကို အဆိပ်တို့၏ဘုရင် မြွေဟောက်ကြီးဖြင့် ဓာတ်ပုံရိုက်ခဲ့ကြသည့်စုံတွဲ

ချစ်သူစုံတွဲတို့၏ မင်္ဂလာဆောင်ပွဲတွင် မင်္ဂလာဓာတ်ပုံသည်လည်း အရေးပါသော အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။မင်္ဂလာရက်မြတ်လေးအတွက် ကြိုတင်ရင်ခုန်ခြင်းဖြင့် လှပသော ရှုခင်းများတွင် အမှတ်ဓာတ်ပုံများရိုက်ကူးကာ ရယူကြပေသည်။

ယခုတွင်လည်း စုံတွဲတစ်တွဲသည် သူတို့၏ မင်္ဂလာပွဲလေးအတွက် ဓာတ်ပုံများက်ုရိုက်ကူးခဲ့သည်။ဓာတ်ပုံရိုက်ရာတွင်လည်း အများနှင့်မတူဘဲ အမှတ်တရများစွာ ကျန်ရှိနေစေရန်အတွက် ထူးခြားစွာဖြင့် ဓာတ်ပုံရိုက်ကူးရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် သူတို့စုံတွဲဟာ မြွေဟောက်ကြီးဖြင့် မင်္ဂလာဓာတ်ပုံရိုက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ထို့နောက်တွင် ကြီးမားသော မြွေဟောက်ကြီးဖြင့် ဓာတ်ပုံရိုက်ခဲ့ပြီး ပုံရိပ်များဟာ မြင်ရသူများအဖို့ အလွန်ကြောက်စရာကောင်းနေခဲ့ပါတယ်။သူတို့စုံတွဲ၏ ဓာတ်ပုံများဟာ လိုင်းပေါ်တွင် ပျံနှံသွားသောအခါ လူအများဟာ သူတို့၏ သတ္တိကို အံအားသင့်ခဲ့ကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment