



Shoon (Cele Daily)

Unicode

ငွေကုန်ကြေးကျများစွာသက်သာမည့်အပြင် ခေတ်နှင့်လည်း လိုက်လျောညီထွေးဖြစ်စေမည့် အွန်လိုင်းပေါ်မှတစ်ဆင့် မင်္ဂလာဆောင်ခဲ့သည့် သူနာပြုဆရာမလေး

မင်္ဂလာပွဲဆိုသည်မှာ ချစ်သူစုံတွဲတိုင်း၏ အရေးပါဆုံးသော အခိုက်အတန့်ပင်ဖြစ်သည်။ချစ်သူစုံတွဲတိုင်းသည် မင်္ဂလာခန်းမကြီး၏အလယ်တွင် ဧည့်ပရိတ်သတ်များစွာဖြင့် ခမ်းနားစွာကျင်းပလိုသော ဆန္ဒရှိကြပေသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ စုံတွဲတစ်တွဲသည် လက်ရှိရှုပ်ထွေးနေသည့် ကပ်ရောဂါအခြေအနေကြောင့် ကျန်းမာရေးလုံခြုံမှုရှိစေရန်အတွက် မင်္ဂလာပွဲကို ရွေ့ဆိုင်းရမည့်အခြေအနေဖြစ်လာခဲ့ပါတယ်။

ထို့ကြောင့် မင်္ဂလာပွဲလေးကို ခမ်းနားစွာဖြင့် ပြုလုပ်မည့်စိတ်ကူးလေးကို ပယ်ပျက်ခဲ့ရပြီး မင်္ဂလာပွဲလေးကို ရိုးရှင်းစွာဖြင့် ပြုလုပ်ခဲ့ကြသည်။သူတို့၏ မင်္ဂလာပွဲလေးကတော့ လိုင်းပေါ်မှတစ်ဆင့် မင်္ဂလာပွဲလေးကို ကျင်းပပြီး ပရိတ်သတ်များကို လိုင်းပေါ်မှ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။သူတို့၏ မင်္ဂလာပွဲလေးဟာ သတိုးသား သတိုးသမီးနှင့် သတိုးသား၏ ညီမတို့ဖြင့်သာ ဧည့်ခံခဲ့ကြပြီး လိုင်းပေါ်မှာတော့ အလွန်စည်ကားခဲ့သည်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment