မဂၤလာပြဲက်င္းပလွ်င္ အလုပ္မွ ခြင့္၈ရက္ေပးေသာေၾကာင့္ တစ္လထဲႏွင့္ ၄ႀကိမ္ကြာရွင္းကာ ၄ႀကိမ္မဂၤလာေဆာင္ၿပီး တစ္လလုံးအလုပ္မသြားရေအာင္ ျပဳလုပ္ခဲ့သည့္ အမ်ိဳးသား

ထိုင္ဝမ္ႏိုင္ငံမွ အမ်ိဳးသားတစ္ဦးဟာေတာ့ လူတိုင္းအံၾသသြားေစမယ့္အကြက္ႏွင့္အတူ တစ္လလုံး အလုပ္မသြားဘဲ လစာရရွိခဲ့ပါတယ္။ထိုင္ဝမ္ႏိုင္ငံတြင္ ဝန္ထမ္းအလုပ္သမားမ်ားအတြက္ ကာကြယ္ေရးဥပေဒမ်ားကို ထုတ္ျပန္ထားခဲ့ၿပီး ဥပေဒတြင္ ဝန္ထမ္းတစ္ဦး မဂၤလာေဆာင္လွ်င္ ခြင့္၈ရက္ေပးရမည္ဟု ပါရွိခဲ့ပါတယ္။

ထို႔ေၾကာင့္ ထိုင္ဝမ္မွအမ်ိဳးသားတစ္ဦး ဘဏ္တစ္ခုတြင္ အလုပ္လုပ္ကိုင္ေနရင္းမွ မိန္းကေလးတစ္ဦးႏွင့္ လက္ထပ္ၿပီး ခြင့္၈ရက္ရရွိခဲ့ပါတယ္။ထို႔ေနာက္တြင္ မိန္းကေလးႏွင့္ ကြာရွင္းျပတ္ဆဲၿပီး အျခားသူႏွင့္ မဂၤလာေဆာင္ခဲ့ပါတယ္။

အမ်ိဳးသားဟာ ကြာရွင္းျခင္းရွင့္ မဂၤလာေဆာင္ျခင္းကို တစ္လတည္း ၄ႀကိမ္ျပဳလုပ္ၿပီး တစ္လလုံးအလုပ္မသြားရေအာင္ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ထို႔ေၾကာင့္ ဘဏ္ဟာလည္း တစ္လလုံခြင့္ေပးၿပီးေနာက္တြင္ ေနာက္ထပ္ခြင့္မေပးခ်င္ေသာေၾကာင့္ အစိုးရကို စာတင္ကာ အေၾကာင္းစုံရွင္းျပၿပီး ဝန္ထမ္းအား အေရးယူေပးရန္ ေတာင္းဆိုရပါေတာ့တယ္။

Shoon (Cele Daily)

Unicode

မင်္ဂလာပွဲကျင်းပလျှင် အလုပ်မှ ခွင့်၈ရက်ပေးသောကြောင့် တစ်လထဲနှင့် ၄ကြိမ်ကွာရှင်းကာ ၄ကြိမ်မင်္ဂလာဆောင်ပြီး တစ်လလုံးအလုပ်မသွားရအောင် ပြုလုပ်ခဲ့သည့် အမျိုးသား

ထိုင်ဝမ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာတော့ လူတိုင်းအံသြသွားစေမယ့်အကွက်နှင့်အတူ တစ်လလုံး အလုပ်မသွားဘဲ လစာရရှိခဲ့ပါတယ်။ထိုင်ဝမ်နိုင်ငံတွင် ဝန်ထမ်းအလုပ်သမားများအတွက် ကာကွယ်ရေးဥပဒေများကို ထုတ်ပြန်ထားခဲ့ပြီး ဥပဒေတွင် ဝန်ထမ်းတစ်ဦး မင်္ဂလာဆောင်လျှင် ခွင့်၈ရက်ပေးရမည်ဟု ပါရှိခဲ့ပါတယ်။

ထို့ကြောင့် ထိုင်ဝမ်မှအမျိုးသားတစ်ဦး ဘဏ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေရင်းမှ မိန်းကလေးတစ်ဦးနှင့် လက်ထပ်ပြီး ခွင့်၈ရက်ရရှိခဲ့ပါတယ်။ထို့နောက်တွင် မိန်းကလေးနှင့် ကွာရှင်းပြတ်ဆဲပြီး အခြားသူနှင့် မင်္ဂလာဆောင်ခဲ့ပါတယ်။

အမျိုးသားဟာ ကွာရှင်းခြင်းရှင့် မင်္ဂလာဆောင်ခြင်းကို တစ်လတည်း ၄ကြိမ်ပြုလုပ်ပြီး တစ်လလုံးအလုပ်မသွားရအောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ဘဏ်ဟာလည်း တစ်လလုံခွင့်ပေးပြီးနောက်တွင် နောက်ထပ်ခွင့်မပေးချင်သောကြောင့် အစိုးရကို စာတင်ကာ အကြောင်းစုံရှင်းပြပြီး ဝန်ထမ်းအား အရေးယူပေးရန် တောင်းဆိုရပါတော့တယ်။

Shoon (Cele Daily)

  • Leave a Comment