



Shoon (Cele Daily)

Unicode

လူတိုင်းကို ပြုံးမိသွားစေနိုင်သည့် တိရိစ္ဆာန်ဆရာဝန်တစ်ဦးက ခွေးလှောင်အိမ်ထဲတွင် ခွေးကလေးကို အမူအရာများဖြင့် ပုံပြင်စာအုပ်ဖတ်ပြနေသည့် ဗီဒီယိုလေး

ယခုဗီဒီယိုလေးဟာ ဘရာဇီးနိုင်ငံရှိ တိရိစ္ဆာန်ဆေးကုသရေးဆေးခန်းတစ်ခုတွင် တင်ဆင်ထားသော ကင်မရာမှ မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။အင်တာနက်အသုံးပြုနေသည့် စာဖတ်သူများအနေဖြင့် တိရိစ္ဆာန်ဆရာဝန်တစ်ဦး၏ အမူအရာကို မြင်တွေ့လျှင် ခွေးကလေးအပေါ်ထားရှိသော ချစ်ခင်မှုကို မြင်တွေ့ရမှာဖြးစ်ပါတယ်။

ဆရာဝန်ဟာ ခွေးလေးထားသော လှောင်အိမ်ထဲအထိပင် ဝင်ရောက်ပြီး ခွေးကလေးကို ပုံပြင်လေးတွေကို ဖတ်ပြနေခဲ့တာဖြစ်ပါတယ်။ခွေးကလေးဟာလည်း ငြိမ်ပြီးနားထောက်နေခဲ့ပြီး ဆရာဝန်ဟာလည်း အမူအရာများဖြင့်ကို စိတ်ပါလက်ပါနှင့် ပြောပြနေတာဘဲဖြစ်ပါတယ်။

ထိုဆရာဝန်၏ အပြုအမူကို မြင်တွေ့ရသူတိုင်းဟာ ဆရာဝနိကို ချီးကျူးခဲ့ကြသည်။ထို့အပြင် အလုပ်ကိုချစ်မြတ်နိုးပြီး ချစ်ခြင်းမေတ္တာအပြည့်ဖြင့် လုပ်ဆောင်နေမှုကြောင့် စံနမူနာယူသင့်သည်ဟုပင် ပြောဆိုနေကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment