



Shoon (Cele Daily)

Unicode

ဘောလုံးကန်ရန်အတွက် ဖိနပ်နှင့်ဂိုးလက်အိတ်လေး လိုချင်သောကြောင့် လမ်းဘေးတွင် တံမျက်စည်းလှဲပြီး ရရှိလာသော မုန့်ဖို့ငွေလေးများကို စုဆောင်းနေရသည့်ကောင်လေး

မိမိ၏လိုချင်နှစ်သက်သော အရာတစ်ခုအတွက် ခိုးဆိုးလုယက်ခြင်းမရှိဘဲ ရိုးသားစွာဖြင့် ကြိုးစားရှာဖွေခြင်းသည် ကောင်းမြတ်ဆုံးသော မင်္ဂလာတစ်ခုပင်ဖြစ်သည်။ယခုတွင်လည်း အသက်၁၀နှစ်အရွယ်သာရှိသေးသော အာဂျင်းတီးနားနိုင်ငံမှ ကလေးသည် လိုချင်သော ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ရိုးသားစွာလုပ်ကိုင်ခဲ့ပါတယ်။

ကောင်လေးဟာ သူငယ်ချင်းများနှင့် ဘောလုံးကန်ချင်သော်လည်း ဘောလုံးကန်ဖိနပ်နှင့် ဂိုးဖမ်းရန် လက်အိတ်မရှိခဲ့ပေ။ထို့ကြောင့် Mendozaမြို့ရှိ ရပ်ကွက်တစ်ခုတွင် လမ်းတစ်လျောက် တံမြက်စည်းလှဲပြီး သန့်ရှင်းရေးများကို ပြုလုပ်ပေးခဲ့ပါတယ်။

ထိုမှတစ်ဆင့် ပတ်ဝန်းကျင်ရှိ နေအိမ်များမှ တစ်ခါတစ်ရံ မုန့်ဖိုးပေးသော ပိုက်ဆံအနည်းငယ်လေးကို စုဆောင်းနေခဲ့တာဘဲဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment