



Shoon (Cele Daily)

Unicode

ကျောင်းသို့ ဘွဲ့လက်မှတ်ယူရန်အတွက် စကတ်အတိုဝတ်ကာ သွားရောက်ခဲ့သည့်ကျောင်းသား ဘွဲ့လက်မှတ်မရဘဲ ကျောင်းမှမောင်းထုတ်ခံရ

မိမိတို့နိုင်ငံရှိ ကျောင်းသားလူငယ်များသည် ဘွဲ့လက်မှတ်တစ်ခုရရှိအောင် ကြိုးစားနိုင်ခဲ့ပြီးလျှင် အလှပဆုံးနှင့် အခန့်ညားဆုံးဖြစ်အောင် ပြင်ဆင်ပြီး ဘွဲ့သွားယူတတ်ကြသည်။လူအများစုတို့ဟာ မိမိတို့၏ တိုင်းရင်းသားဝတ်စုံနှင့် အနောက်တိုင်း ဝတ်စုံကိုသာ ဝတ်ဆင်မြန်းကြလေ့ရှိပေသည်။

မိမိတို့၏ နှစ်ရှည်လများစွာ ကြိုးစားခဲ့ရသော ဘွဲ့လက်မှတ်လေးကို ခမ်းနားထည်ဝါစွာဖြင့်သာ သွားရောက်ယူဆောင်လိုကြသည်။သို့သော်လည်း ယခုကျောင်းသားတစ်ဦးဟာ ဘွဲ့လက်မှတ်ရယူနိုင်ရန်အတွက် ကျောင်းသို့ စကတ်တိုဝတ်ဆင်ကာသွားကောက်ခဲ့ပါတယ်။

ကျောင်းသားလေးကို ကျောင်းသို့ရောက်သည်နှင့် ကျောင်းတာဝန်ရှိသူများက ဘွဲ့လက်မှတ်ကို မပေးဘဲ မောင်းထုတ်ကြပါတော့တယ်။ကျောင်း၏ ထုတ်ပြန်ချက်အရတော့ ကျောင်းသားလေးဟာ ကျောင်းပညာရေးအဖွဲ့အစည်းကို အရှက်ကွဲစေသည့် ဝတ်စားဆင်ယင်မှုဖြစ်သည့်အတွက် ကျောင်းမှ ထုတ်ပယ်လိုက်ခြင်းဖြစ်တယ်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment