



Shoon (Cele Daily)

Unicode

သားသမီး၇၈ယောက်ရှိကာ နောက်ထပ်ကလေး၁၃ဦး ထပ်မံမွေးဖွားတော့မည်ဖြစ်သော်လည်း သားသမီးတစ်ဦးတစ်ယောက်ကိုမှ မြင်ဖူးချင်းမရှိသည့် အမျိုးသား

ယခုအကြောင်းအရာလေးကတော့ စာဖတ်သူတွေကို အနည်းငယ် ကြောင်တောင်တောင်ဖြစ်သွားစေမှာ သေချာပါတယ်။တကယ်ဟုတ်ပါတယ် အမေရိကန်နိုင်ငံမှ အသက်၄၄နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သားသမီး ၇၈ယောက်ရှိနေခဲ့ပြီး နောက်ထပ်၁၃ဦးမှာလည်း မွေးဖွားတော့မှာဖြစ်ပါတယ်။

သူဟာ နယူးယောက်တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ကမ္ဘာအနှံကို ခရီးသွားခြင်းမှ အမျိုးသမီးများကို သုတ်ပိုးများ လှူဒါန်းပေးခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။

သူဟာ သားသမီးတွေကို တစ်ဦးတစ်ယောက်မျှကို မြင်တွေ့ခြင်းမရှိသေးဘူးလို့လည်း သိရှိရပါတယ်။ယခုတွင်လည်း နောက်ထပ်မွေးဖွားတော့မည့် ကိုယ်ဝန်ဆောင် ၁၃ဦးအထိလည်း ရှိနေသေးတယ်လို့ သိရှိရပါတယ်။သူဟာ ကိုယ်ဝန်လိုချင်သည့် အမျိုးသမီးများကို လှူဒါန်ပေးခြင်းသာဖြစ်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment