အဆိပ္တို႔၏ဘုရင္ ေႁမြေဟာက္ေလး၏အသက္ေလးကို မိမိ၏အသက္ႏွင့္ရင္းၿပီး ကယ္တင္ရန္ ႀကိဳးစားေပးခဲ့သည့္ ႏွလုံးသားအျပည့္ႏွင့္အမ်ိဳးသား

ယခုအျဖစ္အပ်က္ေလးကေတာ့ အိႏၵိယႏိုင္ငံတြင္ လက္တစ္ေလာ အလြန္စိတ္ဝင္စားၿပီး လူေျပာမ်ားေနေသာ အေၾကာင္းအရာေလးပင္ျဖစ္ပါတယ္။အိႏၵိယႏိုင္ငံမွ လူမႈကြန္ရက္ကို အသုံးျပဳသူမ်ား၏ အဆိုအရ အမ်ိဳးသားတစ္ဦးဟာ သူ႔၏အသက္ကိုပင္ မငွဲ႔ဘဲ ေႁမြ၏အသက္ကိုကယ္တင္ရန္ ႀကိဳးစားခဲ့တာလို႔ သိရပါတယ္။

အဆိပ္ျပင္းလြန္းလွေသာ ေႁမြတစ္ေကာင္ကို ေနအိမ္တစ္ခု၏ အိမ္ဝိုင္းထဲတြင္ ပုံမွန္လႈပ္ရွားမႈမရွိဘဲ ေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။ထို႔ေနာက္ အႏၲာရာယ္ျပဳမည္စိုးရိမ္သျဖင့္ ဖမ္းဆီးခဲ့ၾကပါတယ္။ဖမ္းမိလိုက္ေသာအခါ ေႁမြဟာ အသက္ရႈၾကပ္ေနသည္ကို အမ်ိဳးသားက သတိျပဳမိခဲ့ပါတယ္။

ထို႔ေၾကာင့္ အမ်ိဳးသားဟာ ေႁမြကို ပိုက္ကေလးတစ္ေခ်ာင္းျဖင့္ ေလမႈတ္သြင္းကာ ကယ္တင္ဖို႔ႀကိဳးစားခဲ့တာျဖစ္ပါတယ္။အမ်ိဳးသား၏ ကယ္တင္မႈေၾကာင့္ ေႁမြဟာလည္း ပုံမွန္အတိုင္းလႈပ္ရွားလာႏိုင္ခဲ့ၿပီး အမ်ားက ဝိုင္းဝန္းခ်ီးက်ဴးခဲ့ၾကပါတယ္။

Shoon (Cele Daily)

Unicode

အဆိပ်တို့၏ဘုရင် မြွေဟောက်လေး၏အသက်လေးကို မိမိ၏အသက်နှင့်ရင်းပြီး ကယ်တင်ရန် ကြိုးစားပေးခဲ့သည့် နှလုံးသားအပြည့်နှင့်အမျိုးသား

ယခုအဖြစ်အပျက်လေးကတော့ အိန္ဒိယနိုင်ငံတွင် လက်တစ်လော အလွန်စိတ်ဝင်စားပြီး လူပြောများနေသော အကြောင်းအရာလေးပင်ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှ လူမှုကွန်ရက်ကို အသုံးပြုသူများ၏ အဆိုအရ အမျိုးသားတစ်ဦးဟာ သူ့၏အသက်ကိုပင် မငှဲ့ဘဲ မြွေ၏အသက်ကိုကယ်တင်ရန် ကြိုးစားခဲ့တာလို့ သိရပါတယ်။

အဆိပ်ပြင်းလွန်းလှသော မြွေတစ်ကောင်ကို နေအိမ်တစ်ခု၏ အိမ်ဝိုင်းထဲတွင် ပုံမှန်လှုပ်ရှားမှုမရှိဘဲ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက် အန္တာရာယ်ပြုမည်စိုးရိမ်သဖြင့် ဖမ်းဆီးခဲ့ကြပါတယ်။ဖမ်းမိလိုက်သောအခါ မြွေဟာ အသက်ရှုကြပ်နေသည်ကို အမျိုးသားက သတိပြုမိခဲ့ပါတယ်။

ထို့ကြောင့် အမျိုးသားဟာ မြွေကို ပိုက်ကလေးတစ်ချောင်းဖြင့် လေမှုတ်သွင်းကာ ကယ်တင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။အမျိုးသား၏ ကယ်တင်မှုကြောင့် မြွေဟာလည်း ပုံမှန်အတိုင်းလှုပ်ရှားလာနိုင်ခဲ့ပြီး အများက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment