




Shoon (Cele Daily)

Unicode

မွန်းလွဲပိုင်းအချိန်လေးတွင် သံဗူးများကို ဖိနပ်များဖြင့် ဆော့ကစားနေသည့် ဦးဦးဒေါ်ဒေါ်တို့၏ ပျော်ရွှင်ဖွယ်ရာ ဗီဒီယိုလေး

လူသားတို့၏ဘဝထဲတွင် ကလေးဘဝသည် အပူအပင်မရှိဘဲ ပျော်ရွင်ဖွယ်ကောင်းလှသော ဘဝလေးပင်ဖြစ်သည်။ကလေးဘဝတွင် လောကကြီး၏ ပူလောင်ဖွယ်ရာအကြောင်းအရာများကို သိရှိသေးခြင်းမရှိဘဲ ဆော့ကစားရန်သာ စိတ်ထဲတွင်ရှိနေတတ်ကြသည်။

ထို့ကြောင့် အရွယ်ရောက်ကာ ပူလောင်လှသော လောကထဲရောက်သည့်အချိန်တွင် ကလေးဘဝကို ပြန်မလိုချင်သည့် လူဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။ယခုတွင် ထိုင်းနိုင်ငံ၌ ဦးဦးဒေါ်ဒေါ်တို့သည် ကလေးများကဲ့သို့ လမ်းကြားလေးထဲတွင် ပျော်ရွင်ဖွယ်ဆော့ကစားနေကြပေသည်။

ဦးဦးဒေါ်ဒေါ်တို့သည် မွန်းလွဲပိုင်းအချိန်လေးတွင် သံဗူးလေးကို ဖိနပ်ဖြင့် ပစ်ဆော့နေကြတာဖြစ်ပါတယ်။ဆော့နေသည့် ပုံစံလေးသည် အပူအပင်ကင်းစင်လှပြီး စိတ်ဖိစီးမှုများကို များစွာလျော့ကျစေမှာသေချာပါတယ်။

စာဖတ်သူများထဲတွင်လည်း ဦးဦးဒေါ်ဒေါ်အရွယ်များ ပါရှိလျှင် သူတို့လို့ဆော့ကစားကြည့်ဖို့ အကြံပေးချင်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment