Shoon (Cele Daily)
University of Lahore (@ULahore) in Pakistan has expelled two students for hugging & exchanging flowers during the girl's proposal to her boyfriend. pic.twitter.com/jVXcytmz3K
— Ex-Muslims of North America (@ExmuslimsOrg) March 13, 2021
Unicode
University of Lahore WTF………..🙂 pic.twitter.com/PiCt5FD78Q
— NنDEEM 🇵🇸 (@Nadeem_M7) March 11, 2021
တက္ကသိုလ်ရှေ့ကျောင်းသားများ၏ အလယ်တွင် ကောင်မလေးဟာ ချစ်သူကောင်လေးကို လက်ထပ်ခွင့်တောင်းခံခဲ့သည့်အတွက် ကျောင်းထုတ်ခံခဲ့ရသည့် စုံတွဲနှစ်ဦး
တစ်နေ့နေ့တွင် အတူတူပေါင်းဖက်ပြီး ချစ်သူလေးနှင့် အတူနေထိုင်ချင်ကြသည်မှာ လူတိုင်း၏ အိမ်မက်တစ်ခုပင်ဖြစ်ပေသည်။အချစ်တစ်ခုကို ရရှိရန်အတွက် ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းကြသည်မှာ နောက်တစ်ချိန်တွင် ဘဝ၏အမှတ်တရတစ်ခုပင်ဖြစ်လာမည်ဖြစ်သည်။
သို့သော်လည်း ပါကစ္စတန်နိုင်ငံမှ စုံတွဲလေးနှစ်ဦးသည် ကျောင်းအထုတ်ခံခဲ့ရသည်အထိပင် အမှတ်တရလေး ကျန်ရှိနေတော့မည်ဖြစ်ပေသည်။သူတို့စုံတွဲနှစ်ဦးဟာ တက္ကသိုလ်၏ ရှေ့တွင် ကျောင်းသားများ၏အလယ်၌ ကြည်နူးစွာဖြင့် ချစ်သူကောင်မလေးမှ ကောင်လေးကို ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခံခဲ့ခြင်းဖြသ်သည်။
သို့သော်လည်း သူတို့၏ ကြည်နူးဖွယ် ဗီဒီယိုလေးကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့မြင်သောအခါ ကျောင်း၏စည်းကမ်း ကျင့်ဝတ်များနှင့် မညီဟု ဆုံးဖြတ်ကာ ကျောင်းမှထုတ်ပယ်ခဲ့ကြပါတယ်။
Shoon (Cele Daily)