Shoon (Cele Daily)
Unicode
သားဖြစ်သူ၏ အသက်ကိုကယ်တင်နိုင်ရန်အတွက် လိုအပ်သည့်ဆေးဝါးများကို ၂ရက်တိတိစက်ဘီးစီးပြီး သွားရောက်ဝယ်ယူပေးခဲ့သည့် လေးစားဖွယ်ဖခင်မေတ္တာ
မိဘတို့၏ မေတ္တာကို လူတိုင်းသည် နားလည်သဘောပေါက်ကြလိမ့်မည်ဖြစ်ပေသည်။မိဘတို့သည် သားသမီးတို့အတွက်ဆိုလျှင် အသက်ပင်ပေး၍ ကာကွယ်စောင့်ရှောက်ရန် အသင့်ရှိနေသူများဖြစ်ပေသည်။ယခုတွင်လည်း အိန္ဒိယနိုင်ငံ ကာနာတာကာမှ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးသည် ၁၀အရွယ် သားဖြစ်သူ၏အသက်ကို ကယ်တင်ရန် ၂ရက်တိတိကို စက်ဘီးစီးကာ ကြိုးစားပေးခဲ့ရသည်။
အမျိုးသား၏ သားဖြစ်သူဟာ ဝက်ရူးပြန်ရောဂါကို ခံစားခဲ့ရတာဖြစ်ပါတယ်။ထို့ကြောင့် ကျေးရွာမှ ဆရာဝန်က ကာကွယ်ဆေးထိုးနိုင်ရန်အတွက် ဆေးဝါးများလိုအပ်သောကြောင့် ဝယ်ယူရန် စေခိုင်းခဲ့ပါတယ်။ဆေးဝါများကို အချိန်မီကုသနိုင်မှသာ ကလေးငယ်၏ အသက်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဆရာဝန်က မှာကြားခဲ့သည်။
ကျေးရွာမှလူများအား ဆိုင်ကယ် ကားတို့ဖြင့် လိုက်ပို့ပေးရန် အကူအညီတောင်းသော်လည်း မည်သူမှ အကူအညီပေးခြင်းမရှိခဲ့ဘူးကြပေ။ထို့ကြောင့် အမျိုးသားဟာ သားဖြစ်သူအတွက် ဝေးကွာလှသော မြို့ကလေးဆီသို့ စက်ဘီးလေးကို မောင်းနှင်ပြီး ဆေးဝယ်ယူရန် ၂ရက်တိတိကြာမြင့်ခဲ့သည်ဟု သိရပါတယ်။
Shoon (Cele Daily)