



Shoon (Cele Daily)

Unicode

ကိုယ်ဝန်၈လလွယ်ပြီး နိုင်ငံ၏အမျိုးသားအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ဝူရှုးအလှအားကစားမယ်အမျိုးသမီး

အမျိုးသမီးအများစုတို့သည် ဝမ်းဗိုက်ထဲတွင် သန္ဓေစတည်ကတည်းကပင် အနေအထိုင်အစားအသောက်တို့ကို ဆင်ခြင်ကြရသည်။သို့သော်လည်း နိုက်ဂျီးရီးယားမှ ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ ၈လအထိရှိနေပြီဖြစ်တဲ့ ကိုယ်ဝန်နဲ့အတူ ရွှေတံဆပ်ကို ဆွတ်ခူးရရှိခဲ့ပြီဖြစ်ပါတယ်။

သူမဟာ အသက်၂၆နှစ်အရွယ်ရှိပြီဖြစ်ပြီးဝူရှူးအလှပြအားကစားမယ်တစ်ဦးလည်းဖြစ်ပါတယ်။သူမကိုယ်ဝန်နှင့်ပင် နိုင်ငံ၏ အမျိုးအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ခဲ့ခြင်းဖြစ်ပါတယ်။အစပိုင်းတွင် ယှဥ်ပြိုင်ရန်လက်မခံသော်လည်း နောက်ပိုင်းတွင် နိုင်ငံတွင်းပြိုင်ပွဲသာဖြစ်သည့်အတွက် ယှဥ်ပြိုင်ရန် ပြန်ခည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။

သူမဟာလည်း ရရှိလာသည့်အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး ရွှေတံဆပ်ပင်ရရှိခဲ့ပြီဖြစ်ပါတယ်။သူမ၏ပြောပုံအရကတော့ ကိုယ်ဝန်ရရှိသည့်အချိန်နှင့် မရခင်အချိန်တို့သည် အားကစားလုပ်ရန် လေ့ကျင့်မှုများသည် အတူတူပင်ဖြစ်ကာ ကွဲပြားမှုမရှိဘူးဟု ဆိုခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment