




Shoon (Cele Daily)

Unicode

မိခင်၏ အမဖြစ်သူသေဆုံးသွားသောကြောင့် စိတ်ဓာတ်ကျကာ အိပ်ရာထဲလဲနေသည့် မိခင်ကို အနှစ်၂၀လုံးလုံး မိန်းကလေးလိုဝတ်ဆင်ပြီး ပြုစုစောင့်ရှောက်ပေးခဲ့သည့် သားလိမ္မာ

မိဘတို့ဆိုသည်မှာ သားသမီးတို့အတွက် အရာရာကိုဖန်ဆင်းပေးနိုင်ရန် နေ့စဥ်ကြိုးစားနေသူများဖြစ်ပေသည်။မိဘတို့၏အရိပ်သည် လောကတွင် အေးချမ်းမှုအရှိဆုံးသော အရိပ်ပင်ဖြစ်သည်။ထို့ကြောင့် သားသမီးများအနေဖြင့်လည်း မိဘတို့၏ကျေးဇူးကို နားလည်ကာ ပြန်လည်အလုပ်အကျွေးပြုသင့်ပေသည်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦး၏ မိခင်ဖြစ်သူအပေါ် နားလည်သိတတ်မှုသည် လေးစားအတုယူဖွယ် ကောင်းလှပေသည်။အမျိုးသား၏အဒေါ်သည် ရုတ်တရက် သေဆုံးသွားခဲ့သောကြောင့် အမျိုးသား၏ မိခင်သည် အမဖြစ်သူ၏ စိတ်ဖြင့် အိပ်ရာထဲသို့ လဲကျသွားပြီး ကျန်းမာရေးထိခိုက်သွားခဲ့သည်။

ထို့ကြောင့် အမျိုးသားသည်လည်း မိခင်၏ စိတ်ဓာတ်များ ပြန်လည်သန်မာစေရန်အတွက် အဒေါ်ဖြစ်သူ၏ အဝတ်အစားများကို ဝတ်ဆင်ပြီး မိခင်ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။ထိုသို့ မိန်းကလေးတစ်ဦးလို ဝတ်ဆင်ပြီး မိခင်ကို ပြုစုပေးနေသည်မှာ အနှစ်၂၀တိုင်ရှိနေခဲ့ပြီဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment