အျပင္ထြက္မလည္ပဲ အိမ္တြင္ေနရန္ ေျပာမရသည့္ သားငယ္ကို ဆံပင္ညႇပ္ဆိုင္ေခၚသြားၿပီး အကူအညီေတာင္းရာမွ ဆံသဆရာညႇပ္ေပးေသာ ပုံစံကို သေဘာက်ေနသည့္ မိဘတစ္ဦး

လူငယ္အ႐ြယ္သဘာဝ ကေလးငယ္တို႔သည္ အေပါင္းအသင္းမ်ားကို အလြန္ႏွစ္သက္ၾကၿပီး ေဆာ့ကစားေပ်ာ္ပါးတတ္ၾကသည္။လူပ်ိဳေဖာ္ဝင္စအ႐ြယ္ အသက္၁၅ ၁၆ႏွစ္အ႐ြယ္တို႔သည္ ေနအိမ္ကို မတြယ္တာဘဲ သူငယ္ခ်င္းမ်ားႏွင့္ အျပင္ထြက္ၿပီး အခ်ိန္ျဖဳန္းခ်င္ၾကသည္။

ယခုတြင္လည္း ၁၅ႏွစ္အ႐ြယ္ေကာင္ေလးတစ္ဦးသည္ မိဘမ်ားက ကပ္ဆိုးကာလႀကီးတြင္ အိမ္အျပင္ထြက္မလည္ရန္ ေျပာေသာ္လည္း နားမေထာင္ဘဲရွိေနခဲ့သည္။ထို႔ေနာက္ မိဘျဖစ္သူဟာလည္း ေျပာဆို၍မရသည့္အတြက္ ဆံပင္ညႇပ္ဆိုင္ကို အျပင္မထြက္ရဲသည့္ ဆံပင္ပုံစံညႇပ္ေပးရန္ အကူအညီေတာင္းခဲ့ရပါတယ္။

ဆံသဆရာဟာလည္း ေကာင္ေလးကို အျပင္မထြက္ရဲေအာင္ ပညာအစြမ္းကုန္ထုတ္ျပလိုက္ပါတယ္။ညႇပ္ေပးလိုက္ေသာ ဆံပင္ပုံစံကို မိဘျဖစ္သူဟာ အလြန္သေဘာက်ႏွစ္သက္ခဲ့ၿပီး ေကာင္ေလးကေတာ့ အိမ္အျပင္မထြက္ရဲေတာ့မွာ ေသခ်ာပါတယ္။

Shoon (Cele Daily)

Unicode

အပြင်ထွက်မလည်ပဲ အိမ်တွင်နေရန် ပြောမရသည့် သားငယ်ကို ဆံပင်ညှပ်ဆိုင်ခေါ်သွားပြီး အကူအညီတောင်းရာမှ ဆံသဆရာညှပ်ပေးသော ပုံစံကို သဘောကျနေသည့် မိဘတစ်ဦး

လူငယ်အရွယ်သဘာဝ ကလေးငယ်တို့သည် အပေါင်းအသင်းများကို အလွန်နှစ်သက်ကြပြီး ဆော့ကစားပျော်ပါးတတ်ကြသည်။လူပျိုဖော်ဝင်စအရွယ် အသက်၁၅ ၁၆နှစ်အရွယ်တို့သည် နေအိမ်ကို မတွယ်တာဘဲ သူငယ်ချင်းများနှင့် အပြင်ထွက်ပြီး အချိန်ဖြုန်းချင်ကြသည်။

ယခုတွင်လည်း ၁၅နှစ်အရွယ်ကောင်လေးတစ်ဦးသည် မိဘများက ကပ်ဆိုးကာလကြီးတွင် အိမ်အပြင်ထွက်မလည်ရန် ပြောသော်လည်း နားမထောင်ဘဲရှိနေခဲ့သည်။ထို့နောက် မိဘဖြစ်သူဟာလည်း ပြောဆို၍မရသည့်အတွက် ဆံပင်ညှပ်ဆိုင်ကို အပြင်မထွက်ရဲသည့် ဆံပင်ပုံစံညှပ်ပေးရန် အကူအညီတောင်းခဲ့ရပါတယ်။

ဆံသဆရာဟာလည်း ကောင်လေးကို အပြင်မထွက်ရဲအောင် ပညာအစွမ်းကုန်ထုတ်ပြလိုက်ပါတယ်။ညှပ်ပေးလိုက်သော ဆံပင်ပုံစံကို မိဘဖြစ်သူဟာ အလွန်သဘောကျနှစ်သက်ခဲ့ပြီး ကောင်လေးကတော့ အိမ်အပြင်မထွက်ရဲတော့မှာ သေချာပါတယ်။

Shoon (Cele Daily)

  • Leave a Comment