



Shoon (Cele Daily)

Unicode

စိုက်ပျိုးရေးခြံထဲတွင် တွေ့ရှိသော ဧရာမ စပါးအုံမြွေကြီးကို ကိုယ်တွင်ပတ်ထားကာ ဆိုင်ကယ်ပေါ်တင်ပြီး တောရိုင်းတိရစ္ဆာန်ဌာနသို့ သွားပို့ခဲ့ကြသည့် အမျိုးသားနှစ်ဦး

ကြီးမားလွန်းလှသော ဧရာမတိရစ္ဆာန်များကို တောတောင်များထဲတွင်သာ တွေ့မြင်တတ်ရပြီး လူသားတို့အတွက် မြင်တွေ့ရန် ခဲယဥ်းလွန်းလှပေသည်။ယခုတွင် အလွန်ကြီးမားလှသော ဧရာမစပါးအုံမြွေကြီးကို မလေးရှားနိုင်ငံ တွင် မတော်တဆ တွေ့ရှိခဲ့ရပါတယ်။

မြွေကြီးကို ကွာလာလမ်ပူမြို့အနီးရှိ ရွာတစ်ရွာတွင်နေထိုင်သော အသက်၃၄နှစ်အရွယ်အမျိုးသားက သူ၏ ဘော်ဘာစိုက်ခင်းထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်မြွေကြီးကို အမျိုးသားဟာ အသာအယာပင်ဖမ်းယူပြီး ခန္ဓာကိုယ်ပေါ်တွင် ပတ်ထားစေခဲ့ပါတယ်။

ထို့နောက်တွင် ဆိုင်ကယ်ကိုမောင်းနှင်ပြီး အဖော်တစ်ဦးကို ခေါ်ဆောင်ကာ မြို့ပေါ်ရှိ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး ဌာနသို့ သွားရောက် ပို့ဆောင်ပေခဲ့ပါတယ်။အမျိုးသားဟာ မြွေကြီးကို ကြောက်လန့်ခြင်းမရှိဘဲ အေးဆေးပင် သွားရောက်ပို့ဆောင်ခဲ့ပြီး လမ်းတွင်တွေ့သော လူများကိုလည်း ပြုံးပြသွားခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment