



Shoon (Cele Daily)

Unicode

ပိုးဟပ်အလွန်ကြောက်သောကြောင့် ၃နှစ်အတွင်း နေအိမ်၁၈ကြိမ်ပြောင်းခဲ့သည့် ဇနီးသည်ကို ခင်ပွန်းဖြစ်သူက သည်းမခံနိုင်သောကြောင့် ကွာရှင်းခွင့်တောင်းခဲ့

အိန္ဒိယနိုင်ငံမှ လင်မယားနှစ်ဦး၏ ကွာရှင်းရန် ကြိုးစားပုံကတော့ ကြားရသူများအားလုံးကို ရယ်မောမိစေမှာသေချာပါတယ်။မိန်းကလေးများသာမကဘဲ ယောကျာ်းလေးအချို့ပင် ပိုးမွှားအကောင်ငယ်လေးများက်ုမြင်လျှင် အသက်ထွက်မတတ် ကြောက်တတ်ကြသည်။

လူတိုင်းတွင် ကြောက်တတ်သော အကောင်တစ်ကောင်တော့ ရှိတတ်ကြပေသည်။ယခုတွင်လည်း အိန္ဒိယနိုင်ငံမှ အမျိုးသမီးသည် ပိုးဟပ်ကို အလွန်ပင်ကြောက်သည်။အမျိုးသမီးဟာ ပိုးဟပ်ကိုမြင်တွေ့သည်နှင့် ထိုနေအိမ်တွင် နေထိုင်ရန်ပင် ကြောက်လန့်နေတတ်သည်။

ထို့ကြောင့် ပိုးဟပ်ကို မြင်တွေ့သည်နှင့် အမျိုးသမီးဟာ နေအိမ်ကို ပြောင်းတတ်ပြီး ၃နှစ်အတွင်း ၁၈ကြိမ်အထိ အိမ်ပြောင်းခဲ့သည်။ခင်ပွန်းဖြစ်သူဟာ အမြဲတမ်း အိမ်ပြောင်းနေသောကြောင့် စိတ်ကုန်ကာ အမျိုးသမီးအား ကွာရှင်းပေးရန် ခွင့်တောင်းခဲ့ပါတော့တယ်။

Shoon (Cele Daily)

  • Leave a Comment