Shoon (Cele Daily)
Unicode
အားကိုးစရာမရှိဘဲ ဘဝကိုဖြတ်သန်းနေရချိန်တွင် စုဆောင်းထားသောပိုက်ဆံလေး မီးထဲပါသွားခဲ့သောကြောင့် အကူညီတောင်းခံနေရသည့် အသက်၉၁နှစ်အရွယ်အဖွား
အချို့သည် ဘဝ၏ နေမဝင်ခင်အချိန်လေးတွင် အေးဆေးသက်သာစွာ နေထိုင်ချင်သော်လည်း ဘဝကို အင်းအားချည့်နဲ့စွာဖြင့် ကြိုးစားနေကြရပေသည်။ယခုတွင်လည်း အသက်၉၁နှစ်အရွယ်အဖွားသည် အားကိုးစရာမရှိဘဲ ဘဝကိုဖြစ်သန်းနေရင်း ငွေးကြေးအချို့ကို စုးထားခဲ့ပါတယ်။
အဖွားဟာ ရူပီး၁၄၀၀၀ကိုစုထားခဲ့ပြီး ထိုပိုက်ဆံများဟာ မတော်တဆ မီးထဲသို့ပါသွားခဲ့သည်ဟုသိရပါတယ်။ထို့ကြောင့် ဘဝရှင်သန်ရေးအတွက် အခက်အခဲဖြစ်လာသောကြောင့် ပတ်ဝန်းကျင်ကို အားငယ်စွာဖြင့် အကူအညီတောင်းခံခဲ့ရပါတယ်။
ပတ်ဝန်းကျင်မှ အမျိုးသမီးတစ်ဦးဟာလည်း အဖွား၏ အဖြစ်ကိုစာနာမိသောကြောင့် သူမ ဖေ့ဘုတ်စ်စာမျက်နှာမှ တစ်ဆင့် အဖွားအို၏ကိုယ်စား အကူအညီတောင်းခံပေးခဲ့ပါတယ်။အဖွား၏ စုဆောင်းထားသောငွေကြေးများ ဆုံးရှုံးမှုသည် သူမ၏ရင်ကို အလွန်ပူလောင်စေမိမှာကို ကိုယ်ချင်းစာမိပါတယ်။
Shoon (Cele Daily)