




Shoon (Cele Daily)

Unicode

ဒေါ်လာ၂၆သန်းပေါက်ထားသော ထီလက်မှတ်ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်မိလို့ ပိုက်ဆံအားလုံး ဆုံးရှုံးလိုက်ရသည့် ကံအဆိုးဆုံးသော အမျိုးသမီး

စာဖတ်သူအနေဖြင့် အလွန်ကံဆိုးနေပြီဆိုလျှင် မိမိထက် အဆပေါင်းများစွာ ကံဆိုးနေသူလည်းရှိနေသေးသည် ဆိုတာကို သတိရလိုက်ပါ။ယခုတွင်လည်း ကယ်လီဖိုးနီးယားပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ နိုင်ငံ၏ အကြီးမားဆုံးသော ထီဆု ဒေါ်လာ၂၆သန်းကို ကံထူးခဲ့ပါတယ်။

သို့သော်လည်း ထီပေါက်သည့်အချိန်တွင်တော့ ထီဆုများကို ရရှိခဲ့ခြင်းမရှိဘဲ ဆုံးရှုံးသွားခဲ့ရပါတယ်။သူမဟာ ထီလက်မှတ်ကို စတိုးဆိုင်တစ်ခုတွင် ဝယ်ယူပြီး အင်္ကျီအိတ်ကပ်ထဲတွင် ထည့်ထားခြင်းဖြစ်ပါတယ်။

အမျိုးသမီးဟာ ထီလက်မှတ်ကို အင်္ကျီအိတ်ကပ်ထဲမှ မထုတ်မိဘဲ အဝတ်လျှော်စက်ထဲကို ထည့်မိလိုက်သောကြောင့်ဖြစ်ပါတယ်။ထို့ကြောင့် ထီလက်မှတ်ဟာ ဆုတ်ပြဲသွားခဲ့ရပါတယ်။စတိုးဆိုင်မှ သူမ၏ ထီလက်မှတ်မှာ ပေါက်မဲဖြစ်ကြောင်း သက်သေလိုက်ပေးခဲ့သော်လည်း လက်မှတ်မပြနိုင်သည့်အတွက် ဆုံးရှုံးခဲ့ရပါတယ်။

နိုင်ငံတော်ကတော့ ထီဆု၂၆သန်းလုံးကို အများပိုင်ကျောင်းများတွင် လှူဒါန်းသွားမည်ဟု ဆုံးဖြတ်ခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment