Shoon (Cele Daily)
Unicode
အလွန်နှင့်မလိုက်အောင် တည်ငြိမ်လွန်းလှသော အလှတရာများကြောင့် အသက်၇နှစ်အရွယ်ဖြင့် နိုင်ငံကျော်သော မော်ဒယ်တစ်ဦးဖြစ်လာခဲ့သည့် ကလေးမလေး
အလှအပဆိုသော အရာများသည် ယခုအချိန်တွင် ခေတ္တခဏအတွက် ပြင်ဆင်၍ ရယူနိုင်သော အရာတစ်ခုဟု ဆိုနိုင်ပေသည်။သို့သော် သူတစ်ပါး၏ချစ်ခြင်း မေတ္တာကို ရယူရန်အတွက်မူ မည်သည့်အရာနှင့် လြလှယ်၍ရရှိနိုင်မည်မဟုတ်ပေ။
မွေးဖွားလာခဲ့သော သဘာဝအလှတရားနှင့်အတူ ကုသိုလ်ပါရမီများကြောင့်သာ အများ၏ မေတ္တာကို ရရှိနိုင်မည်ဖြစ်ပေသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ မော်ဒယ်မလေးတစ်ဦးဟာ တစ်နိုင်ငံလုံး၏ အချစ်တွေကိုရရှိပြီး နာမည်ကျော်ကြားလာခဲ့ပြီဖြစ်ပါတယ်။
ကလေးမလေးဟာ အသက်၇နှစ်အရွယ်သာရှိသေးပြီး သူမ၏ တည်ငြိမ်ရင့်ကျက်သော အလှတရားများသည် လူတိုင်းကိုပင် အံ့အားသင့်စေခဲ့ရသည်။ကလေးငယ်၏ မွေးရာပါ ပါရမီနှင့် တည်ငြိမ်ရင့်ကျက်ခြင်းမျိုးသည် လူတိုင်းထက်ပင် သာလွန်နေခြင်းဖြစ်ပါတယ်။
ကလေးမလေးသည် အရွယ်နှင့်မလိုက်အောင် ချောမောလှပနေပြီး သူ၏ပုံရိပ်များဟာ လူတိုင်းကို ဖမ်းစားထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Shoon (Cele Daily)