




Shoon (Cele Daily)

Unicode

မိဘများက အတင်းစေခိုင်းသောကြောင့် အိမ်ထောက်ဖက်သွားတွေ့ရာ ကောင်လေးစားထားသော ဟင်းပွဲ၃၀ကျော်ဖိုးကို ရှင်းပြီး ပြန်လာခဲ့ရသည့် အမျိုးသမီး

လူအချို့တို့သည် အသက်အရွယ် ကြီးရင့်လာလျှင် အိမ်ထောင်ပြုကာ ဘဝတစ်ခုမဖြစ်မနေထူထောင်သင့်သည့်ဟု ယူဆတတ်ကြသည်။ထို့ကြောင့် လူကြီးမိဘများဟာ သူတို့၏ သားသမီးများ ရည်စားမရှိသေးလျှင် ရှာဖွေပေးပြီး မိတ်ဆက်ပေးမှုများ ပြုလုပ်တတ်ပေသည်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်မပြုချင်သေးသော်လည်း မိဘများက အတင်းအကြပ်စေလိုင်းသောကြောင့် အိမ်ထောင်ဖက် သွားတွေ့ခဲ့ရသည်။ထို့ကြောင့် ဆိုင်တစ်ဆိုင်တွင် ကောင်လေးတစ်ယောက်အား သွားတွေ့ခဲ့ပါတယ်။ပုံမှန်အားဖြင့် အိမ်ထောင်ဖက်တွေ့လျှင် ကော်ဖီဆိုင်တွင် အေးဆေးစကားပြောရင်း တွေ့တတ်ကြပေသည်။

ယခုတွင်မူကောင်လေးဟာ စားသောက်ဆိုင်တွင် ချိန်းဆိုခဲ့ပြီး သူတို့နှစ်ဦးတွေ့သည်နှင့် မိတ်ဆက်စကားသာ ပြောခဲ့ကြပါတယ်။မိတ်ဆက်ပြီးသည်နှင့် ကောင်လေးဟာ အစားအသောက်များ အရမ်းကောင်းသည်ဟုဆိုကာ အစားကိုသာ စားသောက်ပါတော့တယ်။

ထို့နောက်ဟင်းပွဲ၃၀ကျော်အောင် စားခဲ့ပြီး ပိုက်ဆံမရှင်းခဲ့ပါဘူး။ထို့ကြောင့် ကောင်မလေးကတော့ ပိုက်ဆံရှင်းပေးခဲ့ရပြီး ဝမ်းနည်းစွာဖြင့် ပြန်လာခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment