



Shoon (Cele Daily)

Unicode

မင်္ဂလာပွဲတွင် သတိုးသမီးဟာ ရုတ်တရက်မေ့လဲကာ သေဆုံးသွားခဲ့သောကြောင့် သတိုးသမီး၏အမက အစားထိုးမင်္ဂလာဆောင်ပေးခဲ့သည့်အဖြစ်

ယခုဖော်ပြပေးမည့် အကြောင်းအရာလေးသည် အိန္ဒိယနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော မင်္ဂလာဆောင်တစ်ခုမှ ဝမ်းနည်းထိတ်လန့်ဖွယ် အဖြစ်မပျက်လေးဖြစ်ပါတယ်။မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် သတိုးသမီးဖြစ်သူဟာ အစပိုင်းတွင် သူမနေထိုင်၍မကောင်းကောင်းနှင့် ဖျားနာသကဲ့သို့ဖြစ်နေသည်ဟု ဆိုခဲ့ပါတယ်။

သို့သော်လည်း မင်္ဂလာပွဲဟာလည်း ကျင်းပရန် စီစဥ်ထားသောကြောင့် မင်္ဂလာပွဲကို ဆတ်လတ်ကျင်းပခဲ့ပါတယ်။မင်္ဂလာပွဲအခမ်းအနား စတင်တော့မည့်အချိန်တွင်ပင် သတိုးသမီးဟာ ရုတ်တရက်လဲကျကာ သတိလစ်သွားခဲ့ပါတယ်။

ထို့ကြောင့်ဆရာဝန်ကိုခေါ်ပြီး စစ်ဆေးကြည့်ရာမှ သတိုးသမီးဟာ နှလုံးအမောဖောက်ကာ သေဆုံးသွားခဲ့သည်ဟု မှတ်ချက်ပေးခဲ့ပါတယ်။ထို့ကြောင့် သတိုးသမီး၏ အမဖြစ်သူဟာ မင်္ဂလာပွဲဆက်လတ်ကျင်းပနိုင်ရန်အတွက် သူမက သတိုးသမီးလုပ်ကာ မင်္ဂလာဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment