မိမိမွာတစ္ေနကုန္ ၿမိဳ႕အႏွံဆိုင္ကယ္ေမာင္းေနရေသာေၾကာင့္ ဇနီးႏွင့္ သားသမီးတို႔၏ ႐ုပ္ပုံေလးကို ဆိုင္ကယ္ေရွ႕တြင္ကပ္ထားၿပီး အၿမဲအတူရွိေနေပးတဲ့ ဖခင္အမ်ိဳးသား

မိမိတို႔ကိုယ္တိုင္ သားသမီးမ်ားေမြးဖြားလာၿပီးသည့္ေနာက္တြင္ ဖခင္တို႔၏ ေမတၱာကို ပိုမိုနားလည္လာမည္ျဖစ္ေပသည္။မိဘတို႔သည္ သားသမီးတို႔ကို ၂၄နာရီလုံးလုံး ရင္ထဲတြင္ အၿမဲသိမ္းထားကာ အရာရာအတြက္ စိတ္ပူေပးရင္း ခ်စ္ေနၾကေပသည္။

ယခုတြင္လည္း အစားအေသာက္မ်ားကို လိုက္လံပို႔ေဆာင္သည့္ လုပ္ငန္းကိုလုပ္ကိုင္ေနသည့္ ဖခင္တစ္ဦး၏ သားသမီးတို႔အေပၚထားေသာ ေမတၱာသည္ အလြန္ပင္ႀကီးမားလွေပသည္။ထိုအမ်ိဳးသားဟာ တစ္ေနကုန္လုံးကို ၿမိဳ႕အႏွံအစားအေသာက္မ်ားကို လိုက္လံပို႔ေဆာင္ေပးရင္ မိသားစုကို အခ်ိန္မေပးႏိုင္ခဲ့ေပ။

ထို႔ေၾကာင့္ ဇနီးႏွင့္ သားသမီးတို႔၏ ဓာတ္ပုံေလးကို အစားအေသာက္မ်ားပို႔ေဆာင္ေသာ ဆိုင္ကယ္ေလးေရွ႕တြင္ ကပ္ထားကာ အတူတူရွိေနေပးခဲ့သည္။လူတိုင္းဟာ ခ်စ္ရတဲ့ သားသမီးမ်ားႏွင့္ အတူတူေနခ်င္ေသာ္လည္း သားသမီးတို႔၏ ဘဝေရွ႕ေရးအတြက္ ႀကိဳးစားေပးေနရေသာ ဖခင္တို႔၏ ေမတၱာသည္ အႏႈိင္းမဲ့ႀကီးမားလွေပသည္။

Shoon (Cele Daily)

Unicode

မိမိမှာတစ်နေကုန် မြို့အနှံဆိုင်ကယ်မောင်းနေရသောကြောင့် ဇနီးနှင့် သားသမီးတို့၏ ရုပ်ပုံလေးကို ဆိုင်ကယ်ရှေ့တွင်ကပ်ထားပြီး အမြဲအတူရှိနေပေးတဲ့ ဖခင်အမျိုးသား

မိမိတို့ကိုယ်တိုင် သားသမီးများမွေးဖွားလာပြီးသည့်နောက်တွင် ဖခင်တို့၏ မေတ္တာကို ပိုမိုနားလည်လာမည်ဖြစ်ပေသည်။မိဘတို့သည် သားသမီးတို့ကို ၂၄နာရီလုံးလုံး ရင်ထဲတွင် အမြဲသိမ်းထားကာ အရာရာအတွက် စိတ်ပူပေးရင်း ချစ်နေကြပေသည်။

ယခုတွင်လည်း အစားအသောက်များကို လိုက်လံပို့ဆောင်သည့် လုပ်ငန်းကိုလုပ်ကိုင်နေသည့် ဖခင်တစ်ဦး၏ သားသမီးတို့အပေါ်ထားသော မေတ္တာသည် အလွန်ပင်ကြီးမားလှပေသည်။ထိုအမျိုးသားဟာ တစ်နေကုန်လုံးကို မြို့အနှံအစားအသောက်များကို လိုက်လံပို့ဆောင်ပေးရင် မိသားစုကို အချိန်မပေးနိုင်ခဲ့ပေ။

ထို့ကြောင့် ဇနီးနှင့် သားသမီးတို့၏ ဓာတ်ပုံလေးကို အစားအသောက်များပို့ဆောင်သော ဆိုင်ကယ်လေးရှေ့တွင် ကပ်ထားကာ အတူတူရှိနေပေးခဲ့သည်။လူတိုင်းဟာ ချစ်ရတဲ့ သားသမီးများနှင့် အတူတူနေချင်သော်လည်း သားသမီးတို့၏ ဘဝရှေ့ရေးအတွက် ကြိုးစားပေးနေရသော ဖခင်တို့၏ မေတ္တာသည် အနှိုင်းမဲ့ကြီးမားလှပေသည်။

Shoon (Cele Daily)

  • Leave a Comment