



Shoon (Cele Daily)

Unicode

ဘဏ်ကိုဓားပြတိုက်ပြီး ထွက်ပြေးစဥ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက်တွင် ဂုဏ်ယူစွာဖြင့် ဓာတ်ပုံအရိုက်ခံခဲ့သည့် ဘဏ်ဓားပြ

လူ့ဘဝဆိုသည်မှာ အမြဲတမ်းရုန်းကန်လှုပ်ရှားနေရမည်ဖြစ်ပြီး အခက်အခဲများကို ယှဥ်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိရမည်ဖြစ်ပေသည်။ဘဝတစ်ခုကို အလွယ်လိုက်ကာ ဖြတ်သန်းနိုင်ရန်အတွက် မတရားသော နည်းလမ်းများကို အသုံးချခြင်းသည် အလွန်ရွံစရာကောင်းသော လုပ်ရပ်တစ်ခုပင်ဖြစ်သည်။

ယခုတွင်လည်း အမျိုးသားတစ်ဦးသည် ဘဏ်ကိုဓားပြတိုက်သွားခဲ့ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ထို့ကြောင့် အမေရိကန်နိုင်ငံမှ ရဲတပ်ဖွဲ့များ အထူးတပ်ဖွဲ့များနှင့် FBIတို့ကပါ ပူးပေါင်ပါဝင်ပြီး ဓားပြတိုက်သူကို လိုက်လံဖမ်းဆီးခဲ့ကြရသည်။

ထို့နောက်တွင် မြို့၏အနောက်ဘက်ရှိ သစ်တောရွှံ့နွံတောတစ်ခုတွင် ရဲတပ်ဖွဲများမှ ဖမ်းဆီးမိခဲ့သည်။ဖမ်းဆီးရမိပြီးနောက်ရဲများက မှတ်တမ်းဓာတ်ပုံရိုက်ကူးရာတွင် ဓားပြဟာ ဝမ်းနည်းခြင်းမရှိဘဲ ဂုဏ်ယူစွာဖြင့် ဓာတ်ပုံရိုက်ကူးခံခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment