



Shoon (Cele Daily)

Unicode

တစ်ဦးနှင့်တစ်ဦး ဖေးမ ကူညီလျှင် ပန်းတိုင်ကို ရောက်ရှိနိုင်ကြောင်း တိရိစ္ဆာန်လေးများကပင် သက်သေပြနေသည့် ကြောင်ကလေးတို့၏ အံ့သြဖွယ် မြင်ကွင်းလေး

တစ်ဦးနှင့်တစ်ဦး ဖေးမကူညီခြင်းသည် အောင်မြင်မှုကို ပို၍ အလွန်တကူရရှိနိုင်မည်ဖြစ်ပေသည်။တစ်ဦးနှင့်တစ်ဦး အပြစ်မမြင်ဘဲ အနစ်နာခံကာ ကူညီပေးချင်းသည် မိတ်ဆွေစစ် မိတ်ဆွေမှန်တို့၏ မွန်မြတ်သော လုပ်ရပ်တစ်ခုဖြစ်ပေသည်။

ထို့သို့ ကူညီဖေးမခြင်းသည် လသားများတွင်သာမကဘဲ တိရိစ္ဆာန်လေးမျာတွင်လည်း တွေ့ရတတ်ပြီး အချို့လူသားများအတွက် အတုယူဖွယ်ဖြစ်နေခဲ့ရသည်။ယခုမြင်တွေ့နေရသော ဓာတ်ပုံထဲတွင် ကြောင်ကလေးနှစ်ကောင်သည် သူတို့၏ အောင်မြင်မှုပန်းတိုင်ကိုရရှိစေရန်အတွက် အကူအညီပေးနေကြသည်။

ကူညီပေးနေသော ကြောင်ကလေးသည် သူ၏အဖော်ဖြစ်သူအတွက် ခေါင်းခံပေးကာ အနစ်နာခံပေးဆပ်နေပေသည်။မြင်ကွင်းလေး၏ အဓိပ္ပါယ်သည် အလွန်လေးနက်လွန်းလှပြီး တိရိစ္ဆာန်များတွင်ပင် ရှိနေသော စိတ်ထားလေးသည် အံ့သြချီးကျူးဖွယ် ကောင်းနေခဲ့ပေသည်။

Shoon (Cele Daily)

  • Leave a Comment