




Shoon (Cele Daily)

Unicode

မတော်တဆဖြစ်ကာ တိမ်းမှောက်သွားသော ကုန်တင်ကားတစ်စီး၏ရှေ့တွင် သေချင်ယောင်က သွားအိပ်နေခဲ့သည့် ကလေးနှစ်ဦး

တစ်ခါတစ်လေတွင် လူသားတို့သည် စိတ်ညစ်စရာများနှင့် ကြုံတွေ့နေရတတ်ပြီး အလျင်အမြန် ပြန်လည် ရုန်းထွက်နိုင်မှာသာ ပျော်ရွှင်မှုကို ရရှိမည်ဖြစ်ပေသည်။အချို့လူသားတို့သည်ကာ အမြဲတမ်းပင် ပြုံးပျော်နေတတ်ပြီး စိတ်ကို ပျော်ရွှင်ခြင်းဖြင့်သာ အနိုင်ယူထားကြပေသည်။

သို့သော် လူအချို့သည် အများစိတ်ညစ်နေသည့်အချိန်တွင် လိုက်လံခံစားလေ့မရှိဘဲ ဗရုတ်ကျကာ စိတ်ညစ်နေချိန်တွင် နောက်ပြောင်တတ်သေးသည်။ယခုတွင်လည်း ကလေးငယ်နှစ်ဦးသည် မတော်တဆဖြစ်ကာ တိမ်းမှောက်သွားသည့် ကုန်တင်ကား၏ရှေ့တည့်တည့်တွင် ခိုင်းမိထားသော လူများလို သွားအိပ်နေခဲ့ပါတယ်။

ပတ်ဝန်းကျင်ဟာလည်း ကုန်ကားတိမ်းမှောက်သောကြောင့် ဝိုင်းကြည့်နေကြပြီ စိုးရိမ်ပူပန်နေကြချိန်ဖြစ်ပါတယ်။ကောင်လေးဟာ ထိုသို့ သေချင်ယောင်ဆောင်ပြီး အိပ်နေရာမှ အချိန်ခနကြာတွင်တော့ မျက်နှာဆပ်ဖြီးဖြီးနှင့် ထလာခဲ့ပါတယ်။

ပတ်ဝန်းကျင်ကတော့ ထိုကလေးကို အလွန်ချစ်မိနေမှာ သေချာပါတယ်။စာဖတ်သူတို့မှာရော အဲ့လို သူငယ်ချင်းမျိုးကို မြင်တွေ့ဖူးပြီလား။

Shoon (Cele Daily)

  • Leave a Comment