




Shoon (Cele Daily)

Unicode

မိဘများကို တွေ့ဆုံချင်သောကြောင့် အလုပ်လုပ်နေသည်ဟု သတင်းရရှိထားသော မြို့ကလေးသို့ ဘတ်စ်ကားအောက်ထဲမှ ပုန်းခို၍ လိုက်သွားခဲ့သည့် သနားစဖွယ် ညီအကိုလေး

ယခုကလေးနှစ်ဦး၏ ခံစားချက်ကို စာဖတ်နေသည့် မည်သူမဆို နားလည်သဘောပေါက်လိမ့်ဟု ယုံကြည်မိပေသည်။သားသမီးတို့အတွက် အလုံခြုံဆုံးသော နေရာသည် မိဘတို့၏ ရင်ခွင်အရိပ်တစ်ခုပင်ဖြစ်ပေသည်။

မိဘတို့၏ အရိပ်သည် လောကတွင် အအေးချမ်းဆုံးဟုပင် တင်စားရသည်အထိ သားသမီးတို့အတွက် အေးချမ်းမှုကို ပေးစွမ်းနိုင်ပေသည်။တရုတ်နိုင်ငံမှ ညီမကိုနှစ်ဦးသည် ၈နှစ်လောက်အထိ မိဘတို့နှင့် အတူတူမနေထိုင်ရဘဲ ဆွေမျိုးများနှင့်သာ နေထိုင်ခဲ့ရသည်။

ထို့ကြောင့် ကလေးနှစ်ဦးသည် မိဘတို့၏ အရိပ်ကို တမ်းတမိကာ လွမ်းဆွတ်နေကြရသည်။မိဘတို့သည် သားနှစ်ယောက်ကို ဆွေမျိုးများထံ ထားခဲ့ပြီး အလုပ်လုပ်ရန် မြို့သို့တတ်သွားခဲ့ခြင်းဖြစ်သည်။

ကောင်လေးနှစ်ယောက်ဟာ မိဘတို့ကို အလွန်သတိရသဖြင့် မိဘများအလုပ်လုပ်နေသည်ဟု သိရှိထားသော မြို့ကလေးသို့ ကားအောက်ထဲမှ ခိုး၍ လိုက်ပါသွားခဲ့ကြသည်။ကလေးနှစ်ဦးဟာ မိဘရှိသည့်မြို့ကိုလည်း အတိအကျသိသောကြောင့် မဟုတ်ပေ။ဆွေမျိုးများ၏ စကားကို ကြား၍သာ ခန့်မှန်းပြီး သွားခဲ့ခြင်းဖြစ်သည်။

Shoon (Cele Daily)

  • Leave a Comment