



Shoon (Cele Daily)

Unicode

ကွာရှင်းရန်ပြောဆိုပြီး လမ်းခွဲကာ ထားရစ်ခဲ့သည့် ဇနီးသည်ကို သူငယ်ချင်းများနှင့်ပေါင်းပြီး ဓားပြပြန်တိုက်ခဲ့သည့် အသက်၃၈နှစ်အရွယ် အမျိုးသား

လူတိုင်းသည် မိမိချစ်ခင်မြတ်နိုးရသောသူနှင့် ဘဝတစ်ခုထူထောင်ကာ ပျော်ရွှင်စွာဖြင့် မိသားစုကမ္ဘာလေးကို ဖြတ်သန်းလိုကြပေသည်။သို့သော်လည်း တစ်ခါတစ်ရံတွင် အကြောင်းမတိုက်ဆိုင်သောကြောင့် စိတ်အခန့်မသင့်သည့် အခါမျိုးတွင် တစ်ဦးနှင့်တစ်ဦး မပြေလည်မှုများ ဖြစ်ပေါ်လာနိုင်ပေသည်။

ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသားသားတစ်ဦးသည် ဇနီးသည်နှင့် အဆင်မပြေဖြစ်ကာ ဇနီးသည်၏ ထားရစ်ခြင်းကို ခံခဲ့ရပါတယ်။ထို့ကြောင့် အမျိုးသားဟာ မကျေမနပ်ထြစ်ကာ ဇနီးသည်အား သူငယ်ချင်းများနှင့်အတူ ပူပေါင်းကာ လုယှက်ခဲ့ပါတော့တယ်။

အမျိုးသားဟာ ဇနီးသည်ထံမှ ပိုက်ဆံအချို့နှင့် ဖုန်းတို့ကို လုယှက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ယခုအခါတွင် အမျိုးသားနှင့် သူငယ်ချင်းတို့တစ်ဖွဲလုံးဟာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးအရေးယူခြင်းကို ခံခဲ့ရပါတော့တယ်။

Shoon (Cele Daily)

  • Leave a Comment