



Shoon (Cele Daily)

Unicode

အခြားဘယ်သူကိုမှ အားမကိုးဘဲ တစ်ဦးတည်း ရပ်တည်ချင်သောကြောင့် စားသောက်ဆိုင်တစ်ခုတွင် အချိန်ပိုင်းအလုပ်လေး ဝင်လုပ်နေသည့် အသက်၈၄နှစ်အရွယ် အဖွားအို

လူသားတို့သည် အသက်အရွယ်တစ်ခုကို ရရှိလာပြီဆိုလျှင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တစ်စုံတစ်ရောက်ကို အနည်းငယ် မှီခိုအားကိုးကြရမည်ဖြစ်သည်။သို့သော်လည်း အသက်၈၂နှစ်အရွယ် အဖွားအိုတစ်ဦးကတော့ အသက်အရွယ်ကြီးရင့်လာသော်လည်း အခြားသူများကို မှီခိုရန် ဆန္ဒမရှိပေ။

ထို့ကြောင့် စားသောက်ဆိုင်တစ်ခုတွင် အဖွားအို လုပ်နိုင်သည့် အလုပ်လောက် ခိုင်းစေရန် အချိန်ပိုင်းအနေဖြင့် အလုပ်လုပ်ခွင့်တောင်းခံခဲ့ပါသည်။ထို့ကြောင့် ဆိုင်ရှင်ဟာလည်း အဖွားအိုအတွက် အချိန်ပိုင်းအလုပ်ကို လက်ခံခဲ့ပြီး ဆိုင်တွင် သက်တောင့်သက်သာရှိမည့် ကြက်သွန်ခွာခြင်းကဲ့သို့သော အလုပ်ငယ်များကိုသာ ခိုင်းစေခဲ့ပါတယ်။

ထိုအကြောင်းလေးကို စားသောက်ဆိုင်မှ စားဖိုမှုးတစ်ဦးက အဖွားအိုဟာ အလွန်လေးစားဖွယ်ကောင်းတဲ့ စွမ်းအင်ပိုင်ရှင်ပဲဟုတင်စားကာ ပုံများနှင့် လိုင်းပေါ်တွင်တင်ထားခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment