Shoon (Cele Daily)
Unicode
ကမ္ဘာပေါ်တွင် လက်စွပ်တစ်ကွင်းတည်းသာရှိသည့် ဆာကူရာပန်းအရောင်နှင့်တူသော ကမ္ဘာ့စျေးအကြီးဆုံးသော အပန်းရောင်စိန်လက်စွပ်လေး
ယခုလက်စွပ်လေးဟာ ကမ္ဘာပေါ်တွင် တစ်ကွင်းတည်းသာရှိသော ကမ္ဘာ့စျေးအကြီးဆုံးသော လက်စွပ်လေးဖြစ်ပါတယ်။လက်စွပ်လေးဟာ ၁၅.၈ကာရက်ရှိပြီး ဂျပန်နိုင်ငံ၏ အထိန်းအမှတ်ဖြစ်သော ဆာကူရာပန်းအရောင်လေးနှင့် ဆင်တူနေတာဘဲဖြစ်ပါတယ်။
အရည်အသွေးအလွန်ကောင်းမွန်ပြီး ထူးဆန်းလှသည့် အပန်းရောင် စိတ်ဖြင့်လုပ်ထားသော လက်စွပ်လေးကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် လေလံတင်ခဲ့တာဖြစ်ပါတယ်။ထိုကမ္ဘာပေါ်တွင် တစ်ခုတည်းရှိသော လက်စွပ်လေးကို ကမ္ဘာ့ကျောက်မျက်ရတနာ အဖွဲ့အစဥ်းမှ လေလံတင်ရောင်းချခဲ့တာဘဲ ဖြစ်ပါတယ်။
လက်စွပ်လေးကို အာရှမှ သူဌေးတစ်ဦးက ဒေါ်လာ၂၉.၃သန်းနဲ့ ဝယ်ယူသွားခဲ့ပြီး ဝယ်ယူသူ၏ နာမည်ကိုတော့ ဖော်ပြထားခဲ့ခြင်းမရှိပေ။စာဖတ်နေသူသာ ချစ်သူတစ်ဦးကို ပိုင်ဆိုင်ထားသူဆိုလျှင် လက်စွပ်လေးကို ချစ်သူအတွက် ဝယ်ပေးချင်မိမှာ သေချာပါတယ်။
Shoon (Cele Daily)