




Shoon (Cele Daily)

Unicode

သစ်ပင်အောက်လေးတွင် ၁၄နှစ်တိတိ အိပ်စက်ခဲ့ရသောအဖွားက နေအိမ်ပေးသည်ကို အလုပ်လုပ်နိုင်သေးသည်ဟုဆိုကာ လက်မခံသောကြောင့် ဇွတ်အတင်းပေးခဲ့ရသည့်အဖြစ်

လူ့ဘဝကြီးသည် တစ်ခါတစ်ရံတွင် တရား မျှတမှုမရှိဘူးဟု လောကကြီးကို အပြစ်တင်ချင်မိပေသည်။အချို့လူသားများသည် အပူအပင်မရှိဘဲ စည်းစိမ်အပြည့်ဖြင့် နေထိုင်နေသည့်အချိန်တွင် အချို့သည် နေပူမိုးရွာထဲတွင် ဒုက္ခများဖြင့် ရှင်သန်ရေပေသည်။

ယခုတွင်လည်း အသက်၆၂နှစ်အရွယ်ရှိပြီဖြစ်သော အဖွားအိုတစ်ဦးသည် နေထိုင်စရာ အိမ်မရှိသောကြောင့် လမ်းဘေးရှိ သစ်ပင်အောက်တွင် ၁၄နှစ်ကျော်ကြာအောင်နေထိုခဲ့ရသည်။သူမသည် နေ့ခင်းအချိန်တွင် သံတိုသံစများကို လိုက်ကောက်ကာ ရောင်းချပြီး ဘဝအတွက် စားသောက်ဖို့ ကြိုးစားနေခဲ့ရသည်။

အဖွားအို၏အဖြစ်ကို တွေ့ရှိသွားသည့် လူကယ်တစ်ဦးဟာ နေထိုင်စရာ အိမ်ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားဖို့ကြိုးစားခဲ့သည်။သို့သော် အဖွားအိုဟာ သူမသည် ကျန်းမာသန်စွမ်းနေသေးပြီး ဝင်ငွေရှာဖွေနိုင်သေးကြောင်းပြောပြကာ လက်မခံဘဲရှိနေခဲ့သည်။

လူငယ်လေးဟာလည်း သေချာစွာဖြောင်းဖျပြောဆိုပြီး နေအိမ်ကလေးနှင့် နေထိုင်ရန် ကြိုးစားပြီး ခေါ်ဆောင်သွားခဲ့လိုက်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment