



Shoon (Cele Daily)

Unicode

လူသားတို့အတွက် နေထိုင်ရန်ပင် ခက်ခဲလှသော အပူချိန် အနုတ်၅၀ဒီဂရီစင်တီဂရိတ်အောက်တွင် ကျောင်းတတ်ကာ ပညာသင်ယူနေရသည့် ကလေးငယ်၏ စာနာဖွယ်မြင်ကွင်းလေး

လူသားတို့အတွက် အသက်ရှင်နေထိုင်ရန် အပူချိန်မျှတသော နေရာတွင်သာ နေထိုင်ရန်မှာ အသင့်တော်ဆုံးဖြစ်ပေသည်။ကမ္ဘာပေါ်တွင်ရှိသော နေရပ်ဒေသအသီးသီးတို့သည် အပူချိန်အမျိုးမျိုးဖြင့် အလုပ်အကိုင်အမျိုးမျိုးတို့ကို လုပ်ကိုင်နေကြပေသည်။

အာရှတိုက်တွင်သာ ရာသီဥတုသည် နွေမိုးဆောင်းဟူ၍ ရှိပြီး အခြားနေရာများတွင် မိုးရာသီနှင့် ဆောင်းရာသီသာ ရှိကြပေသည်။ရုရှားနိုင်ငံရှိ ကျေးရွာဒေသများတွင် ယခုအချိန်၌ အလွန်အေးခဲနေပြီး အနုတ်၅၀ဒီဂရီ စင်တီဂရိတ်အောင်ပင် ရောက်ရှိနေခဲ့သည်။

ထိုသို့အေးခဲကာ အသက်ရှင်နေထိုင်ရန် ခက်ခဲသည့် ရာသီဥတုမျိုးတွင် ကလေးငယ်တို့သည် ဘဝ၏ နောင်ရေးအတွက် စာပေပညာများကို သင်ယူနေကြရသည်။မိဘများဟာလည်း သားသမီးများကို ကျောင်းသို့လိုက်ပို့ပေးကြပြီး ရာသီဥတုကို အန်တုပြီး သားသမီးတို့နှင့်အတူ ကြိုးစားပေးလျှက်ရှိကြသည်။

Shoon (Cele Daily)

  • Leave a Comment