




Shoon (Cele Daily)

Unicode

ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်နှစ်ခုပါသည့် ငါးမျိုးစိတ်အသစ် ငါးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည့် ငါးဖမ်းအမျိုးသမီးတစ်ဦး

သိပ္ပံပညာရှင်များသည် ကမ္ဘာကြီးကို နေရာအနှံလိုက်လံကာစုံစမ်းပြီး သုတေသနများ ပြုလုပ်နေကြသော်လည်း အဖြေမရှာနိုင်သော နေရာများစွာရှိနေသေးသည်။ထို့အပြင် ထူးခြားဆန်းပြားလှသော အရာများသည်လည်း မကုန်မခမ်းနိုင်အောင် နေ့စဥ်နှင့်အမျှ ထွက်ပေါ်နေစမြဲပင်ဖြစ်သည်။

ယခုတွင်လည်း အမေရိကန်နိုင်ငံ New Yorkနှင့် Vermontနယ်စပ်ဒေသအကြားရှိ ရေကန်ကြီးတစ်ကန်ထဲတွင် ငါမျိုးစိပ်တစ်မျိုးကို ထူးဆန်းစွာတွေ့ရှိခဲ့ရပါတယ်။ထိုငါးဟာ ပါးစပ်နှစ်ခုပါရှိနေခဲ့ပြီး ရေချိုတွင်နေထိုင်သော ငါးအမျိုးအစားထဲတွင်ပါဝင်သည်ဟု သိရှိခဲ့ရပါတယ်။

ထိုငါး၏ ပုံရိပ်များကို ဖမ်းဆီးရမိသည် အမျိုးသမီးဟာ သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှတစ်ဆင့် မျှဝေသွားခဲ့ပါတယ်။

လူအများဟာ ငါးကိုမြင်သောအခါ ထူးဆန်းအံ့သြနေကြပြီး လူအချို့ကတော့ ဒဏ်ရာတစ်ခုကြောင့် ပါးစပ်နှစ်ခုလိုဖြစ်သွားခဲ့သည်ဟု မှတ်ချက်ပေးနေကြသည်။

Shoon (Cele Daily)

  • Leave a Comment